ဂီလ်ဂစ်ဘောလ်တစ္စတန်ဒေသရှိ သတင်းသမားများအတွက် မီဒီယာလွတ်လပ်ခွင့်က အလှမ်းဝေးနေဆဲ

By ANI
06 March 2023
ဂီလ်ဂစ်ဘောလ်တစ္စတန်ဒေသရှိ သတင်းသမားများအတွက် မီဒီယာလွတ်လပ်ခွင့်က အလှမ်းဝေးနေဆဲ

ပါကစ္စတန်သိမ်းပိုက်ထားသော ကက်ရှ်မီးယားရှိ ဂီလ်ဂစ်ဘော်တစ္စတန်ဒေသတွင် တာဝန်ထမ်းဆောင်နေသော သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်မှာ အလှမ်းဝေးနေဆဲဖြစ်သည်။

ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင် (HRCP) သည်  ‘ဂီလ်ဂစ်ဘော်တစ္စတန်တွင် သတင်းရယူပိုင်ခွင့်’ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး တက်ရောက်သူများက အစိုးရဌာန အသီးသီး၏ သတင်းအချက်အလက်မျှဝေမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ကက်ရှ်မီးယားဒေသတွင် သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းပြီးသည့်တိုင် အစိုးရမှ သတင်းအချက်အလက်များပေးခြင်း မရှိကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သူများက တင်ပြခဲ့ကြသည်။
ဟွန်ဇာဒေသတွင်လည်း ဌာနအသီးသီးဆီမှ သတင်းရယူရာတွင် အတားအဆီးများနှင့် ကြုံတွေ့ရသည်ဟု ဆွေးနွေးပွဲတတ်ရောက်သူတစ်ဦးက ဆိုသည်။

အစိုးရမူဝါဒ သို့မဟုတ် စီမံချက်များနှင့် ပတ်သက်သည့် အထွေထွေမေးမြန်းချက်များအပေါ် အစိုးရအာဏာပိုင်များက ဖြေဆိုရန် ငြင်းဆိုကြောင်း အခမ်းအနား တက်ရောက်လာသော သတင်းထောက်များက  အလေးပေးထား တင်ပြခဲ့ကြသည်။ 

သတင်းရယူပိုင်ခွင့်ဥပဒေ (RTI) သည် ပါကစ္စတန်တွင် သက်ရောက်မှုရှိသော်လည်း သိမ်းပိုက်ခံ ကက်ရှ်မီးယားဒေသနှင့် မသက်ဆိုင်သလိုဖြစ်နေကြောင်း သတင်းထောက်များက ပြောကြားခဲ့သည်။

သဘောထားကွဲလွဲမှုများအပေါ် အကွက်ချချ ဖိနှိပ်မှု၊ ဗြောင်ကျကျ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပါကစ္စတန်အစိုးရအား ဆန့်ကျင်ပြောဆိုသည့် သတင်းထောက်များအား ဖမ်းဆီးထိန်းသိမ်းခြင်းများသည် ဂီလ်ဂစ်ဘော်လ်ဘော်တစ္စတန်တွင် တွေ့မြင်နေကျဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးတွင် ဂီလ်ဂစ်ဘော်တစ္စတန်မှ သတင်းထောက်များက သတင်းရယူပိုင်ခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်းကို ရဲရင့်သောအားထုတ်မှုတစ်ခုအဖြစ် ရှုမြင်နိုင်သည်။

တရားမဝင် သိမ်းပိုက်ခံထားရသော ဂီဂစ်လ်ဘော်လ်တစ္စတန်ဒေသတွင် သာမန်အရပ်သားပြည်သူများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်မည့် ကြောက်ရွံ့မှုကင်းသော သတင်းထောက်များပေါ်ပေါက်လာကြောင်း ယင်းဖြစ်ရပ်များက ညွှန်ပြနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly