ကန့်ဘလူမှာ စစ်ကြောင်းထိုးလို့ ဒေသခံထောင်နဲ့ချီ တိမ်းရှောင်ရ

By KMN (မဇ္ဈိမ)
09 October 2023
ကန့်ဘလူမှာ စစ်ကြောင်းထိုးလို့ ဒေသခံထောင်နဲ့ချီ တိမ်းရှောင်ရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေပေါင်းပြီး စစ် ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေရတယ်လို့ တက်ကြွလှုပ်ရှားသူ တွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှာ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း (၆၀၀၆)ကနေ ကားသုံးစီးနဲ့ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ငှက်ပျောတိုင်းကျေးရွာကိုဦးတည်ထွက်ခွာနေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမှုကြောင့် ငှက်ပျောတိုင်း၊ ခအုံးတာ၊ ကျေးပင်အက်၊ အင်းလယ်ကြီး၊ ရွာမ၊ ရွာသစ်၊ မြသဇင်၊ ပေကြီး၊ မြိုင်သာယာ၊ လေးလှ စတဲ့ကျေးရွာတွေကဒေသခံတွေ စစ်ဘေးတိမ်း ရှောင်နေရတာပါ။

စစ်ရှောင်ပြည်သူတွေဟာ စစ်ကြောင်းတွေ ဆက်တိုက်သွားလာနေတာကြောင့် နေရပ်မပြန်နိုင်ဘဲစားနပ် ရိက္ခာနဲ့ အမိုးအကာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required