စစ်အာဏာရှင်ဆန့်ကျင်ရေး ၉၄၁ ရက်မြောက် ရွာပေါင်းစုံသပိတ်

By ပါခွီး(မဇ္စျိမ)
20 October 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး ၉၄၁ ရက်မြောက် ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီသည် စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၉၄၁ ရက်မြောက်အဖြစ် အောက်တိုဘာ ၂၀ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် သွေးချင်းညီအကိုများဖြစ်သော မုန်လိုင်ခက်က ကျဆုံးခဲ့သည့် ပြည်သူများအတွက် ထပ်တူဝမ်းနည်းကြောင်းနှင့် စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းယနေ့ထုတ်ပြန်ချက်တွင် ကတိသစ္စာပြုထားသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly