ကနီမြို့နယ်က ပျူစောထီးဆိုသူများနေထိုင်သည့်ရွာကို ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

By လွှမ်းမိုး(မဇ္ဈိမ)
07 October 2023
ကနီမြို့နယ်က ပျူစောထီးဆိုသူများနေထိုင်သည့်ရွာကို ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်ရှိ ပျူစောထီးဆိုသူများနေထိုင်သည့် အလယ်ကျွန်းကျေးရွာကိုယမန်နေ့ အောက်တိုဘာလ ၆ ရက် မနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်သည်ဟု ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( KLG-PDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူထံက သိရသည်။

“ကင်းထောက် ဒရုန်းနဲ့ အရင်ဆုံး ထောက်လှမ်းပြီးမှ မောင်းသူမဲ့ ဒရုန်းလေယာဉ်နဲ့ ဗုံးသီးသုံးလုံး ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပျူစခန်းက နေအိမ် အချို့ ပျက်စီးမှုရှိတယ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု KLG-PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

Shar Htoo Waw နည်းပညာဖြင့် မောင်းသူမဲ့ ဒရုန်းလေယာဉ် အသုံးပြု တိုက်ခိုက်မှုတွင် နေအိမ်များ ထိခိုက်ပျက်စီးခြင်းနှင့် ပျူစောထီးကျေးရွာအား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိသည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း(၂၁)၊ (၂၂) ၊ (၂၃)နှင့် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့( KLG-PDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။   အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly