ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁ဝ,ဝဝဝ ကျော် တိမ်းရှောင်နေရ

By KMN (မဇ္ဈိမ)
16 October 2023
ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁ဝ,ဝဝဝ ကျော် တိမ်းရှောင်နေရ

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ် ညောင်ပင်သာစိုက်ပျိုးရေးသိပ္ပံမှာ အထိုင်ချထားတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ ခင်ဦးမြို့နယ်အနောက်တောင်ဘက်ခြမ်းကို အောက်တိုဘာ လ ၁၄ ရက်နေ့ကစပြီး ဒီကနေ့အထိ ဆက်တိုက်စစ်ကြောင်းထိုးနေတာကြောင့် မူးသာ၊ သက်ပေး၊ ညောင် ပင်ခြံ၊ ဆည်ကြီး၊ ရွာသစ်၊ ‌ချမ်းသာကုန်း၊ အင်းပတ်စတဲ့ ကျေးရွာခုနစ်ရွာခန့်က ဒေသခံ ၁ဝ,ဝဝဝ ထက် မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးနေစဉ် အောက်တိုဘာလ ၁၅ ရက်နေ့က ညောင်ပင်ကြီးစုကျေးရွာကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

ဒါ့အပြင် ရေဦး-ညောင်ပင်သာကားလမ်းမဘေး မူးတိမ်ချောင်းကူးတံတားအဆင်းအနီးမှာ မိုင်းတွေထောင် သွားခဲ့လို့ ဒီကနေ့မနက်က ဒေသခံ အမျိုးသားတဦး မိုင်းနင်းမိပြီး ခြေထောက်မှာ အပြင်းအထန်ဒဏ်ရာ ရခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်က ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

#စစ်ကိုင်းတိုင်း

#ခင်ဦးမြို့နယ်

#စစ်ကြောင်းထိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly