ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းများကြောင့် ဒေသခံ ၄,၀၀၀ ခန့် စစ်ရှောင်နေရ

By လွှမ်းမိုး(မဇ္ဈိမ)
25 October 2023
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းများကြောင့် ဒေသခံ ၄,၀၀၀ ခန့် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့် အတွက် ဒေသခံ ၄,၀၀၀ ခန့်မှာ အောက်တိုဘာလ ၂၁ ရက်နေ့မှစကာ နေရပ်စွန့်ခွာပြီး မိုးထဲလေထဲ စစ် ရှောင်နေရကြောင်း  သိရသည်။

“ကျမတို့ စစ်ရှောင်နေရတာ ငါးရက်မြောက်ရှိပါပြီ။ မိုးကသုံးရက်ဆက်တိုက်မပြတ်ဘူး၊ မိုးရွာတော့ နေ ရေးထိုင်ရေးအတွက် မိုးကာလုံလောက်မှု မရှိဘူး။ ချက်ပြုတ်စားသောက်ဖို့ မီးမွှေးဖို့တောင်မလွယ်ဘူး” ဟု လုံခြုံရေး အရအမည်မဖော်လိုသည့် အမျိုးသမီးစစ်ဘေးရှောင်တဦးက ဆိုသည်။
မိုးထဲလေထဲတွင်စစ်ရှောင်ရသည့်အတွက် ကျန်းမာရေးအခြေနေစိုးရိမ်နေရကြောင်း အခြားစစ်ရှောင်တဦး ကလည်း ပြောသည်။

“ တုတ်ကွေးတွေဖြစ်ကြ၊ မျက်စိတွေကြိမ်း(နာ)ကြနဲ့ ဒီဘက်မှာ ကျန်းမာရေး တော်တော်လေးစိုးရိမ်နေရ တယ်။ မိုးကမပြတ်ရွာနေတော့ ပိုးမွှားအန္တရာယ်လည်း စိုးရိမ်နေရတယ်။ စစ်ရှောင်နေရတဲ့အချိန်မှာ ဖြစ် သွားရင် ကုသဖို့ ဆေးလည်း မလွယ်ဘူး” ၎င်းကဆိုသည်။

စစ်ကောင်စီစစ်ကြောင်းတွင် ခန့်မှန်းအင်အား ၁၈၀ ခန့်ရှိပြီး ကလေးမြို့အခြေစိုက် ခမရ(၃၆၁)နှင့် ရွှေဘို လေ့ကျင့်ရေး(၈)မှ သင်တန်းဆင်းလာသည့် ပြည်သူ့စစ်အဖွဲ့ဝင် ပျူစောထီးများနှင့် ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းများရန်ကြောင့် ဆီဆုံကြီး၊ ရွာသစ်၊ ဗောဓိကုန်း၊ မိုးနတ်၊ ပိတောက်ကုန်း၊ ဘိလက်ကုန်းကျေးရွာများမှ ဒေသခံ ၄,၀၀၀ ကျော် နေရပ်စွန့်ခွာပြီး စစ်ရှောင်နေရ ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly