ဖက်ဒရယ်နိုင်ငံတော်ကို တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတည်ဆောက်မည် KIO ခေါင်းဆောင် ပြော

By အဂမ်(မဇ္ဈိမ)
25 October 2023
ဖက်ဒရယ်နိုင်ငံတော်ကို တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတည်ဆောက်မည် KIO ခေါင်းဆောင် ပြော
ဓာတ်ပုံ- ဗိုလ်ချုပ်ကြီး အင်ဘန်လ

စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းပြီး တော်လှန်ရေးအဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းကာ ပင်လုံကတိကဝတ်ကိုအခြေခံသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ယူရမည်ဟု ယနေ့ကျရောက် သည့် (၆၃)နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တည်ထောင်ခြင်းမိန့်ခွန်းတွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောကြားသည်။

လက်ရှိကာလမှာ စစ်ကောင်စီကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးမျိုးသော အကြပ်အတည်းနှင့် ရင်ဆိုင်နေရကာ နိုင်ငံသည်လည်း ပျက်စီးရာသို့ဦးတည်လာနေသည်ကိုတွေ့မြင်ရသည်ဟု ၎င်းကဆို သည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် ပြည်သူကိုရန်သူများလို ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေခြင်းကြောင့် မြောက် မျာစွာသော ပြည်သူများမှာ စစ်ဘေးရှောင်အဖြစ်ဒုက္ခရောက်နေရသည်ကို ကမ္ဘာသိအောင်ပင် ထင်ထင် ရှားရှားဖြစ်ပေါ်နေကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းတို့ထောက်တိုင်အဖြစ်အသုံးပြုရန် ဒေသခံများကို ပြည်သူ့စစ်အဖွဲ့အဖြစ် အတင်းအဓမ္မဖွဲ့စည်းခိုင်းနေပြီး ပြည်သူလူထုအချင်းအချင်း ရန်သူသဖွယ်ဖြစ်လာ အောင်လုပ်ဆောင်နေကြောင်း KIO ဥက္ကဋ္ဌက ပြောသည်။

“ ပြည်သူလူထုအချင်းချင်း ရန်သူတွေဖြစ်လာနိုင်တယ်။ အဲဒီပြည်သူ့စစ်အဖွဲ့တွေထဲကို ဘယ်သူမှ မပါဝင် ကြဖို့နဲ့ အာလုံးရှောင်ကျဉ်ကြဖို့ အရေးတယူတိုက်တွန်းပြောဆိုချင်ပါတယ်” ဟု ဆိုသည်။

သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဟု စစ်ကောင်စီ၏ပြောဆိုနေမှုက မှန် ကန်သည့်လုပ်ဆောင်မှုမဟုတ်သလို တိုင်းပြည်၏ လက်ရှိအကြပ်အတည်းများကိုဖြေရှင်းနိုင်မည့် နည်း လမ်းမဖြစ်နိုင်သလို ပြည်သူများအနေဖြင့် စစ်ကောင်စီဘက်မှ ပါဝင်ထောက်ခံအားပေးခြင်းမပြုကြရန် ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားသည်။

စစ်ကောင်စီကြောင့် မူးယစ်ဆေးဝါးအမျိုးမျိုး ပိုမိုများပြားသုံးစွဲမှုရှိလာသည်ကို တွေ့ရှိရသည့်အတွက် KIO အမှုထမ်းများ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်ကြရန် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

“ လက်ရှိကြားကာလမှာ ကျွန်ုပ်တို့အမှုထမ်းများအားလုံး လုပ်ငန်းဆောင်တာအားလုံးကို ယခင်ကထက် ပိုမိုကြိုးစားအားထုတ် လုပ်ဆောင်ကြရမယ့်ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ဗဟိုကော်မတီကနေ လမ်းညွှန် ဦးဆောင်တဲ့လမ်းစဉ်အတိုင်း အာဏာရှင် စစ်ကောင်စီကိုတော်လှန်တဲ့လုပ်ငန်းတိုင်းမှာ အောင်မြင်မှုရရှိ အောင် အစွမ်းအစထုတ်ပြီး တာဝန်များကို ထမ်းဆောင်ကြပါ။

KIO အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လုပ်ရပ်မျိုးကိုလည်း သတိထားရှောင်ရှားကြပါ ”ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(Kachin Independence Organization - KIO) ကို ၁၉၆၀ ခုနှစ် အောက်တိုဘာ လ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly