မီးရှူးမီးပန်းဖြင့် ထိမှန်ခဲ့တဲ့ ကစားသမားကြောင့် အိုလံပီယာကို့စ်-ပါနာတီနာကို့စ် ပွဲစဉ်ဖျက်သိမ်းခဲ့ရ

မီးရှူးမီးပန်းဖြင့် ထိမှန်ခဲ့တဲ့ ကစားသမားကြောင့် အိုလံပီယာကို့စ်-ပါနာတီနာကို့စ် ပွဲစဉ်ဖျက်သိမ်းခဲ့ရ

တနင်္ဂနွေနေ့က အိုလံပီယာကို့စ်မှာ ကလပ်ရဲ့ ဂရိစူပါလိဂ်ပွဲစဉ်အတွင်း မီးရှူးမီးပန်းထိမှန်ခဲ့တဲ့ နောက်ခံကစားသမား ဂျူအန်ကာကို "ဆေးစစ်မှုတွေ လုပ်ဖို့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်"လို့ ပါနာတီနာကို့စ်အသင်းက ပြောပါတယ်။

လူစားလဲဝင် စပိန်ကစားသမားဟာ ထမ်းစင်ပေါ်မတင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ် မီးရှူးမီးပန်းထိမှန်ခံရပြီးနောက် ကွင်းအစွန်းမှာ လဲကျသွားခဲ့တာပါ။

ပွဲကစားချိန် မိနစ် ၅၀ အကြာမှာ ၁-၁ ဂိုးရလဒ်ဖြင့် ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

ပွဲရလဒ်ကို "တရားရုံးတွေမှာ ဆုံးဖြတ်မှာဖြစ်တယ်"လို့ ပါနာတီနာကို့စ်က ပြောပါတယ်။

ဘယ်နောက်ခံနေရာမှာ အဓိကကစားနေတဲ့ အသက် ၃၃ နှစ်အရွယ် ဂျူအန်ကာဟာ ၂၀၂၀ မှာ မာလာဂါအသင်းကနေ ပြောင်းရွှေ့လာကတည်းက အသင်းအတွက် ပွဲပေါင်း ၁၀၉ ပွဲ ကစားထားပါတယ်။

ထာဝရရန်သူတွေရဲ့ ဒါဘီလို့ ရည်ညွှန်းတဲ့ အေသင်ဒါဘီဟာ အရင်က အကျည်းတန်တဲ့ မြင်ကွင်းတွေဖြင့် နှောင့်ယှက်ခံခဲ့ရပြီး ၂၀၁၉ ရဲ့ ပွဲစဉ်တပွဲမှာ ပရိတ်သတ်တွေဟာ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ချိန်မှာ ပြိုင်ဘက်နှစ်သင်းကြား ပွဲဖျက်သိမ်းခဲ့ရပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required