နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

ပဲခူးတိုင်း၊ဖြူးမြို့နယ်ကို ဝင်ရောက်တပ်စွဲ‌နေသည့် အကြမ်းဖက် စစ်ကြောင်းကို ပြည်သူ့ ကာကွယ် ရေးပူးပေါင်း တပ်ဖွဲ့က အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက် နေ့များက ဒရုန်းအသုံးပြုပြီး ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရန်သူ တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူး ကွန်မန်ဒိုတပ် ရင်း-တောင်ပိုင်းတိုင်းစစ်ဒေသခွဲ(၂) ကအောက်တိုဘာ ၂၁ ရက်စွဲဖြင့် သတင်းထုတ် ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဥ်များကို အောက်တိုဘာ ၂၀ရက်က ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၁ရက်က မန္တလေးတိုင်း၊ နွားထိုး  ကြီး မြင်းခြံလမ်းပိုင်း၌ သွားလာနေသည့်ယာဥ်များကို စစ်တပ်ထုတ်ကုန် ပစ္စည်းများ သယ်ဆောင် ခြင်းမပြုရန် စစ်ဆေး ပညာပေးနေစဥ် စစ်ကောင်စီတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း Natogyi People Defence Force( NPDF )တာဝန်ရှိသူထံက သိရသည်။

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ တောင်ငူကျေးရွာအနီးရှိ တာဝါတိုင်တခု အောက်တိုဘာလ ၁၉ရက် ညပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံထံက သိရသည်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီသည် စစ်အာဏာ ရှင်ဆန့်ကျင်ရေးနှင့် စစ်ကောင်စီထံ စီးဆင်းနေသည့် သွေးစွန်းငွေဖြတ်တောက်ရေး သပိတ်မှောက်ကြရန် ချီတက်လှုံ့ဆော်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၂၁ရက် နံနက် ၁၀နာရီခန့်မှစတင်ကာ စစ်​ကြောင်းထိုး ပစ်ခတ်မီးရှို့ဖျက်ဆီးမှုများလုပ် ဆောင်နေ ခြင်းကြောင့် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်က အရပ်သားခုနစ်ဦးသတ်ဖြတ် သွားသည့် စစ်ကောင်စီ‌တပ်စစ်ကြောင်းသည် ယနေ့တွင် ရင်ပေါင်တိုင်ကျေးရွာကို ဝင်ရောက် စစ်ကြောင်း ထိုးနေ၍ ဒေသခံများ ထွက်ပြေးနေရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းအား သုံးရက်ဆက် လိုက်လံ တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ​ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Power Plant) ဗုံးခွဲဖျက်ဆီးခံရကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ပေါက္ကူကျေးရွာနှင့် ကမ်ဘဲ့ကျေးရွာတို့ကို စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီးနောက် ပေါက္ကူကျေးရွာမှ ဒေသခံနှစ်ဦးကို သတ်ဖြတ်သွား ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီအား လက်နက်များရောင်းချနေမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အသုံးပြုခွင့်များ ပိတ်ဆို့ကန့် သတ်နိုင်ရေးအတွက် စင်ကာပူအစိုးရအား ဖိအားပေးရန် ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု ပြုလုပ် မည်ဖြစ်ကြောင်း Blood Money - သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က အသိပေး ထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က နယ်မြေရှင်း လင်းရေးဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူများ​၏ နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများက ပြောသည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်၊ သာရဘွင်ကျေးရွာမှ ပရဟိတအဖွဲ့ဝင် ယာဉ် မောင်းတဦး စစ်ကောင်စီတပ်ကဖမ်းဆီးပြီးနောက် နှစ်ပတ်အကြာတွင်သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် "မုန်လိုင်ခက်နဲ့အတူ ရပ်တည်ကြ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" စာတန်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်၊ရွာငံမြို့နယ်၊ ယုံဗွေကွမ်းသီးခြံတွင် စခန်းချပြီး ပြန်တက်လာသည့် တောင်ကြီး ခရိုင်ရဲမှူး လိုက်ပါစီးနင်းလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ယာဥ်တန်းအား (DPLF) ဓနုပြည်သူ့ လွတ် မြောက်ရေးတပ်ဦးမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် အောက်တိုဘာ ၂၁ရက်က တိုက်ပွဲ ၂နေရာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီးနောက် လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍ ပြည်သူ့နေအိမ်များပျက်စီးဆုံးရှုံး ခဲ့ကြောင်း TNLAက ထုတ်ပြန် သည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ် တုန်ပုံကျေးရွာရှိ ရွာသားများကို ကျေးရွာအတွင်းမှ အမြန်ဆုံးထွက် သွားရန် စစ်ကောင်စီ၏ ခလရ(၅၆)တပ်ရင်းက ခြိမ်းခြောက်မောင်းထုတ်နေကြောင်း ကချင် လွတ်လပ် ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) ဖာပွန်ခရိုင်၌ အာဏာသိမ်းစစ်ကောင်စီတပ် များကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ် ခုနစ်ဦး ထပ်မံ သေဆုံးခဲ့ သည်ဟု KNU တပ်မဟာ(၅)က ယနေ့ ထုတ်ပြန်သည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက် ရာ၌ မဟာမိတ်များနှင့် အတူပူးပေါင်းစစ်ဆင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က အသိပေးလိုက်သည်။

စစ်ကောင်စီ

ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားသည့် စစ်ကောင်စီက လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့က စပြီးတော့ အကျဉ်ထောင်အသီးသီးတွင် ထောင်ဝင်စာလူချင်းတွေ့ ခွင့် ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ကာလအတွင်း အနည်းဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီပါက နိုင်ငံရေးပါတီ အဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမှာမဟုတ်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဌ သိန်းစိုးက ပြောသည်။

စစ်ကောင်စီစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် အခုဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆လတာကာလအတွင်း အာမခံထားရှိမှုများအပေါ် ကျပ် သန်းပေါင်း ၉ ဘီလီယံကျော် ပေးလျော်ထားသည်ဟု ဆိုသည်။

ပြည်အလုပ်အကိုင် အကျိုးဆောင်များ၏ လိုင်စင်အာမခံကြေးကို ၃ ဆ တိုးမြှင့် ပြင်ဆင်ရန် အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားထားကြောင်း အေဂျင်စီလုပ်ငန်းအသိုင်း အဝိုင်းက ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြက်ဥလိုအပ်ချက်သည် နေ့စဉ်ရှိနေပြီး ဈေးကွက်လို အပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်နိုင်မည်ဆိုပါက ကြက်ဥဈေးနှုန်း ကြီးမြင့်မှုကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာ ရကျောင်း တော်ကြီးသို့ ပင့် ဆောင် အပူဇော်ခံပွဲအား အာဏာသိမ်း စစ်ခေါင်းဆောင်  မင်းအောင်လှိုင် တက်ရောက်ပြီး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဦးဆောင်ပြီး ပင့်ဆောင်ပူ ဇော်ကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြ ထားသည်။

အောက်တိုဘာ ၂၂ ရက် သုံးသပ်ချက်

အာဏာသိမ်းစစ်ခေါင်းဆောင်သည် စီးပွားရေးလုပ်ရလွယ်ကူအောင် ပံ့ပိုးနိုင်စွမ်းမရှိဘဲ ၎င်းအာဏာသိ မ်းပြီး တလွဲများလုပ်ကိုင်နေ၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများ ကျပ်တည်းနေချိန်တွင် လက်ညှိုးတထိုးထိုးဖြင့် လူတတ်ကြီးလုပ်ပြီး လိုက်ညွှန်ကြားနေသည်ကို တွေ့ရသည်။

တော်လှန်ရေးအင်အားစုများမှ စုဖွဲ့မှုပိုကောင်းလိုပြီး စစ်ကောင်စီစခန်းများနှင့် စစ်ကောင်စီနေရာများကို ခပ်စိတ်စိတ်တိုက်ခိုက်လာနေသည့်အတွက် တိုက်ပွဲများ ပြင်းထန်းလာနိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly