စစ်ကောင်စီမှ ကျင်းပနေသောပွဲတော်များတွင် မျောပါမသွားကြရန် တော်လှန်ရေးတပ်ဖွဲ့ သတိပေး

By 008(မဇ္ဈိမ)
26 October 2023
စစ်ကောင်စီမှ ကျင်းပနေသောပွဲတော်များတွင် မျောပါမသွားကြရန် တော်လှန်ရေးတပ်ဖွဲ့ သတိပေး
ဓာတ်ပုံ- ကျောက်တော်ကြီး ဘုရားပွဲမြင်ကွင်း

မန္တလေးမြို့မှ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီက အေးဆေးတည်ငြိမ်သော ပုံရိပ်ကို မရမက ဖန်တီးပုံဖော်ကာ ကျင်းပနေသည့် ပွဲတော်များတွင် မျောပါမသွားကြရန် No More Dictatorship People Defence Force (NMD)က သတိပေးချက် ထုတ်ပြန်ထားသည်။

NMD အနေဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျောက်တော်ကြီးဘုရားပွဲအနီးတွင် သတိပေးအနေဖြင့် အသံမိုင်းတခုဖောက်ခွဲခဲ့ကြောင်းဆိုသည်။

“စကစရဲ့ ဝါဒဖြန့် စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်တဲ့ပွဲတော်တွေထဲက တခုအပါအဝင်ဖြစ်တဲ့ ကျောက်တော် ကြီးဘုရားပွဲမှာ သတိပေးဖောက်ခွဲမှုပြုလုပ်ခဲ့ပြီး စစ်ပွဲရဲ့ အချက်ပေးခေါင်းလောင်းထိုးခဲ့ပါတယ်။ မြို့ပြ လူထုအနေနဲ့ စကစရဲ့ ဝါဒဖြန့်ပွဲတော်တွေထဲမှာ မျှောပါမသွားဘဲ နိုးထချိန်တန်ပြီဆိုတာ အသိပေးနှိုးဆော် အပ်ပါတယ်” ဟု NMD အဖွဲ့တာဝန်ခံကပြောသည်။

မန္တလေးမြို့နှင့်မဝေးသည့်နေရာများမှာ စစ်မြေပြင်ဖြစ်နေသော်လည်း စစ်ကောင်စီက မြို့ပြတွင် အေး ဆေးတည်ငြိမ်နေသောပုံရိပ် မရမကပုံဖော်ကာ ပွဲတော်များကျင်းပနေကြောင်း၊ ထိုသို့ စကစ၏ ဝါဒဖြန့် ပွဲတော်များအနက်မှ တခုအပါအဝင်ဖြစ်သည့် ကျောက်တော်ကြီးဘုရားပွဲတွင် သတိပေးဖောက်ခွဲမှုပြုလုပ် ခဲ့ကြောင်း NMD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုပ်သံ ၊ No More Dictatorship People Defence Force (NMD)

စာတည်း။ ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required