လူမသိသူမသိ လနဲ့ချီ ရေနစ်မြုပ်နေတဲ့ အရှေ့ဒဂုန်နဲ့ ပြည်သူကို ဒုက္ခတွေပဲ ပေးနေတဲ့ စစ်ကောင်စီ

By မဇ္ဈိမ 
25 October 2023
လူမသိသူမသိ လနဲ့ချီ ရေနစ်မြုပ်နေတဲ့ အရှေ့ဒဂုန်နဲ့ ပြည်သူကို ဒုက္ခတွေပဲ ပေးနေတဲ့ စစ်ကောင်စီ

ပဲခူးရေကြီးနစ်မြုပ်မှု ဖြစ်ပြီးတဲ့နောက်မှာ တစ်ဦးချင်းကော၊ ပရဟိတအဖွဲ့တွေအလိုက်ကော အကူအညီတွေ အင်တိုက်အားတိုက် ပေးခဲ့နိုင်ကြပြီး တတ်နိုင်သလောက်တော့ ဒေသခံတွေအတွက် ပြန်လည် ထူထောင် လာနိုင်ပြီ ဖြစ်ပါတယ်။

 

ဒီနှစ် ပဲခူးရေကြီးမှုဟာ စံချိန်တင်ခဲ့ပြီး မီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြလို့ လူသိများပြီး ပြည်သူအချင်းချင်း ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမယ့် မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မပါခဲ့ဘဲ အမေ့လျော့ခံလို ဖြစ်နေတဲ့ တစ်နေရာ ရှိနေပါတယ်။ အဲဒီနေရာက မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော် ရန်ကုန်ထဲမှာပဲရှိနေတဲ့ အရှေ့ဒဂုန်မြို့နယ် ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly