ပြည်သူ့စစ်သင်တန်းဆင်းတွေကို လုံခြုံရေးနဲ့ စစ်ကြောင်းထိုးတဲ့နေရာတွေမှာ အသုံးပြုလာနေတယ်(ရုပ်သံ)

By ရွှေနွယ်(မဇ္ဈိမ)
21 October 2023
ပြည်သူ့စစ်သင်တန်းဆင်းတွေကို လုံခြုံရေးနဲ့ စစ်ကြောင်းထိုးတဲ့နေရာတွေမှာ အသုံးပြုလာနေတယ်(ရုပ်သံ)

ပဲခူးတိုင်းအတွင်းမှာ ပြည်သူ့စစ်သင်တန်းဆင်းထားသူတွေကို စစ်ကြောင်းထိုးတဲ့နေရာတွေနဲ့ လုံခြုံရေးစောင့်ကြပ်ရတဲ့နေရာတွေမှာ အဓိကထား အသုံးပြုနေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က နယ်မြေတိုးချဲ့ထိုးစစ်ဆင်လာတဲ့အပေါ် ခံစစ်အနေနဲ့သာ တိုက်ခိုက်နေရပြီး အင်အားမလုံလောက်မှုတွေဖြစ်နေပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။

အင်အားမလုံလောက်တဲ့အတွက် ပြည်သူ့စစ်သင်တန်းဆင်းတွေကို စစ်ကောင်စီတပ်သားတွေကိုပြန်စောင့်ရှောက်ဖို့အတွက်ပါ အသုံးပြုနေရတယ်လို့ သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကလည်းဆိုပါတယ်။

တောင်ငူမြို့နယ်၊ ပြည်နဲ့ အင်းမမြို့နယ်တို့မှာ ပြည်သူ့စစ်သင်တန်းပေးတာတွေရှိနေပြီး နေပြည်တော်နဲ့ ပုပ္ပါးဘက်ကိုလည်းစေလွှတ်ပြီး သင်တန်းသွားရောက်တက်ခိုင်းတာမျိုး ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly