လိုင်ဇာမြို့ရှိသည့် စစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ ဥပဒေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့များက လုံးဝဂရုမစိုက်ဟု ပြင်သစ် ထုတ်ပြန်

လိုင်ဇာမြို့ရှိသည့် စစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ ဥပဒေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့များက လုံးဝဂရုမစိုက်ဟု ပြင်သစ် ထုတ်ပြန်
ဓာတ်ပုံ- မုန်လိုင်ခက် တိုက််ခိုက်ခံရမှုအပြီး ‌သေဆုံးသူများကို မြေမြှုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်နေစဉ် (photo-CJ)

လိုင်ဇာမြို့ရှိသည့် စစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ ဥပဒေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့များက လုံးဝဂရုမစိုက်ဟု ပြင်သစ် သံရုံးက ထုတ်ပြန်သည်။

" ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်းတခုကို မနေ့က လေကြောင်းဖြင့် တိုက်ခိုက်မှု့ ကြောင့် လူများဒါဇင်နဲ့ချီ သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်အတွက် ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်။ အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ ဥပဒေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့များက လုံးဝဂရုမစိုက်ကြောင်း ထပ်မံသက်သေပြလိုက်ခြင်း ဖြစ်သည်" ဟု ပြင်သစ်က ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ကို အပြည့်အဝ အကောင်အထည်ဖော်ရန်ထပ်လောင်း တောင်းဆိုပြီး နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အချက်ငါးချက်ပါဝင်သည့် ဘုံသဘောတူညီမှုကိုအကောင်အထည်ဖော်ရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံ‌ကြောင်း ပြင်သစ်သံရုံးက အသိပေးလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) တွင်အကြမ်းဖက်မှုရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပါဝင်သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံ ‌ဆွေးနွေးမှု ပြုလုပ်ရေးပါဝင်သည်။

ထို့ပြင် ဥရောပမိတ်ဖက်များနှင့်အတူ အာဏာသိမ်းမှုမှ ထွက်ပေါ်လာသော စစ်အစိုးရအပေါ်  ပိတ်ဆို့အရေးယူရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေပြီး စစ်အစိုးရ၏ မလျှော်မကန် အလွဲသုံးစားပြုမူ လုပ်ဆောင်ချက်များကြောင့် ဒုက္ခရောက်ခဲ့ရသည့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု့ဆိုင်ရာ အကူအညီ ပေးရေးမူဝါဒကို ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ဖျက်အားပြင်းဗုံးဖြင့် လေကြောင်းမှ တိုက်ခိုက်ခံရမှု‌ကြောင့် စစ်ရှောင်စခန်းမှ ကလေးငယ် ၁၃ ဦးအပါအ၀င် ၃၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly