မုံရွာတွင် စစ်ကောင်စီက နေရာအနှံ့တပ်စွဲထားသည့်ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

By လွှမ်းမိုး (မဇ္ဈိမ)
10 October 2023
မုံရွာတွင် စစ်ကောင်စီက နေရာအနှံ့တပ်စွဲထားသည့်ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် “အကြပ်အတည်း အားလုံးရဲ့တရားခံဟာ မင်းအောင်လှိုင်ဘဲ” စာ တန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။

အောက်တိုဘာလ ၁၀ ရက် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီက မြို့အနှံ့တပ်စွဲထားသည့်ကြားမှ စစ် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ နိုင်ငံမှာဖြစ်ပျက်နေတဲ့ မလုံခြုံမှု၊ လွတ်လပ်ခြင်းပျောက်ဆုံးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုစတဲ့ လူမှု စီးပွားအကြပ်အတည်းတွေကစလို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ပျက်စီးယိုယွင်း နေမှုဆိုတဲ့ အထွေထွေအကြပ်အတည်းကြီးတရပ်ဆီ ဦးတည်နေပါတယ်။ ဒီအထွေထွေအကြပ်အတည်း ကြီးရဲ့ လက်သည်တရားခံဟာ အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်ထူထောင်ချင်နေတဲ့ ဖက်ဆစ်စစ်အုပ် စု ကြောင့်ပဲဖြစ်ပါတယ်။ အထွေထွေအကြပ်အတည်းတွေ၊ လူမှုစီးပွားမွန်းကြပ်နေမှုတွေက ရုန်းထွက်နိုင်ဖို့ ဆိုရင် တော်လှန်ရေးကို ယုံကြည်စွာပါဝင်ဆင်နွှဲကြဖို့လိုနေပါပြီ” ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင် ကိုခန့်ဝေဖြိုးက တိုက်တွန်းနှိုးဆော်ထားသည်။

စစ်ကောင်စီတပ်တွေ နေရာအနှံတပ်စွဲထားသည့် မုံရွာမြို့ပေါ်တွင် မုံရွာတော်လှန်လူငယ်များကွန်ရက်နှင့် ဒေသခံအချို့ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly