မုံရွာတွင် သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
09 October 2023
မုံရွာတွင် သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်
ပုံညွှန်း- NWPDF ရဲဘော်များအားတွေ့ရစဉ်/ဓာတ်ပုံ-NWPDF(ယမပ ခရိုင်တပ်ရင်း-၉)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သပြေတောရွာကျေးတွင်  သန်းခေါင်စာရင်းကောက်ရန်လာသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၉) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

သပြေ‌တောကျေးရွာသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် ကပ်လျက်ရှိပြီး စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များ သန်းခေါင်စာရင်းကောက်ရန်ထွက်လာချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

“သန်းခေါင်စာရင်းကောက်မယ်လို့ သတင်းကြိုပြီးရထားတဲ့အတွက် စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ လက်လုပ် ၆၀ မမ အမျိုးအစား လက်နက်ကြီးတွေကို အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ ရဲတဦးသေဆုံးပြီး၊ တဦးအပြင်းအထန်ဒဏ်ရာရသွားတယ်”ဟု ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်(၉) တပ်ရင်း (NWPDF ) Ba Thu Kyawal Column ၊ Anonymous Hero နှင့် ယုန်မင်းကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required