တန့်ဆည်တွင် စစ်ကောင်စီတပ်က နေအိမ်အချို့ကို မီးရှို့ပြီး လူ ၁၀ ဦးခန့်အား ဖမ်းဆီး

By MTO(မဇ္ဈိမ)
26 October 2023
တန့်ဆည်တွင် စစ်ကောင်စီတပ်က နေအိမ်အချို့ကို မီးရှို့ပြီး လူ ၁၀ ဦးခန့်အား ဖမ်းဆီး
ပုံအညွန်း -- စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ နေသည်ကိုအဝေးမှမြင်ရစဉ် ဓါတ်ပုံ     - တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်အတွင်းရှိ နေရာငါးခုကို စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် အနီးအနားမှ လူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ကန့်ဘလူဘက်မှလာသည့် စစ်ကောင်စီစစ်ကြောင်းသည် တန့်ဆည်မြို့ ပေါ်ရှိ ရွှေဥယျာဥ်အိမ်၊ မြတ်ထူးချွန်ကျူရှင်ဟောင်းနေရာ၊ မိုးသောက်ကြယ်လက်ဖက်ရည်ဆိုင်၊ ရေဆေး ဆီလိုက်အပါအဝင် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Taze News က ဖော်ပြသည်။

“ဒေသခံ ၁၀ ဦးကျော်ဖမ်းခံရပြီး ခုနစ်ယောက်တော့ ပြန်လွတ်လာတယ်ပြောတယ်။ လေး၊ ငါးယောက် လောက် ကျန်ဦးမယ်ထင်တယ်” ဟု တန့်ဆည်မြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောသည်။

လက်ရှိတွင် တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များခြေရှုပ်နေပြီး မြို့နယ်အတွင်း စစ်ကြောင်းထိုး မည့်အခြေအနေမျိုးရှိနေကြောင်း တန့်ဆည်မြို့နယ် ပကဖအဖွဲ့ဝင်က ဆိုသည်။

“အခု မြို့ပေါ်မှာ စကစတွေ ခြေရှုပ်နေတယ်၊ ပြူတစ်ပြူတစ်နဲ့ ဟိုထွက်ချင်တာလို ဒီထွက်ချင်တာလိုနဲ့ ကစားနေတာ” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂  ရက်နေ့က တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထား သည့်နေရာများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၀ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၁၄ လက်ရရှိခဲ့သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly