NCA သဘောတူညီချက် လုံး၀မရှိတော့ဘဲ တော်လှန်ရေး ‌အောင်မြင်သည်အထိ ရှေ့ကနေ မားမားမတ်မတ်ရပ်ကာ ဦးဆောင်တိုက်ပွဲ၀င်မည်ဟု KNU တရား၀င်ထုတ်ပြန်

NCA သဘောတူညီချက် လုံး၀မရှိတော့ဘဲ တော်လှန်ရေး ‌အောင်မြင်သည်အထိ ရှေ့ကနေ မားမားမတ်မတ်ရပ်ကာ ဦးဆောင်တိုက်ပွဲ၀င်မည်ဟု KNU တရား၀င်ထုတ်ပြန်

NCA သဘောတူညီချက် လုံး၀မရှိတော့ဘဲ တော်လှန်ရေး ‌အောင်မြင်သည်အထိ ရှေ့ကနေ မားမားမတ်မတ် ရပ်ကာ ဦးဆောင်တိုက်ပွဲဝင်မည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင်ထုတ်ပြန်သည်။
KNU ပြောရေးဆိုခွင့်ရှိသူ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတောနီး၏ ပြောကြားချက်ကို အောက်တိုဘာ ၁၅ ရက်တွင် ရုပ်သံဖြင့် တရား၀င်ထုတ်ပြန်လာခြင်းဖြစ်သည်။
" လူထုဟာ ပင်ပန်းပါတယ်။ ဒါပေမဲ့ ဒီပင်ပန်းမှုဟာ ရပ်ထားလို့မရပါဘူး။ ကျနော်တို့အောင်ပွဲရတဲ့အထိ ဆက်လက် ပြီးတော့ တွန်းအားပေးကြပါ။ ကျနေယ်တို့ကိုယ်တိုင်ကလည်း ရှေ့ကနေပြီးတော့ မားမားမတ်မတ်ရပ်ပြီး တော်လှန်ရေးတိုက်ပွဲကြီး အောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲ၀င်သွားမယ်ဆိုတာကို အလေးအနက် ‌ပြောကြားလိုပါတယ် " ဟု ဖဒိုစောတောနီးက ‌ပြောသည်။
KNU အနေဖြင့် ယခင်က အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး အတွက် တက်တက်ကြွ ကြွပါ၀င်ခဲ့သော်လည်း စစ်အာဏာရှင်က သဘောတူညီချက်များအားလုံးကို ချိုး‌ဖောက်ခဲ့သည်ဟု KNU က ဆိုသည်။
" ကျတော်တို့တိုင်းပြည်မှာ နှစ်ရှည်လများ ဆယ်စုနှစ်ပေါင်း များစွာဖြစ်ရှိနေတဲ့ ဒီပဋိပက္ခကြီးကိုဖြေရှင်းဖို့အတွက် ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အကောင်းဆုံးကြိုးစားခဲ့ တယ်။ နောက်ဆုံးအနေနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကနေ နိုင်ငံရေးဆွေးနွေးပွဲကနေပြီးတော့ ကျတော်တို့ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီးတော့ ကိုယ့်မှာရှိသမျှ ကိုယ်စွမ်း ညဏ်စွမ်း အရင်းအမြစ်အားလုံးကို ပုံအောပြီးတော့ အချိန်တွေ ပေးဆပ်ပြီးတော့ ကျတော်တို့လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့နောက်ဆုံး ကျတော့ စစ်အာဏာရှင်တွေကနေ ဒီ သဘောတူညီချက်တွေ အားလုံးကို ချိုးဖောက်လိုက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ကော နိုင်ငံရေးဆွေးနွေးပွဲတွေကော ကို ဖျက်ဆီးလိုက်တယ် အဲ့တာကြောင့် ကျတော်တို့ ပြောချင်တာက ‌တော့ NCA သဘောတူညီချက်စာချုပ်ဆိုတာ လုံးဝမရှိတော့ပါ ဘူး" ဟု ၎င်းက‌ပြောသည်။
အာဏာမသိမ်းမီကတည်းက NCA စာချုပ်ကို စစ်တပ်ဘက်က လိုက်နာမှုမရှိခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းခြင်းမှာ သဘောတူညီမှုများ ကို အလုံးစုံချိုးဖောက်လိုက်ခြင်းဖြစ်‌ကြောင်း၊ NCA ရှိနေသယောင် စစ်တပ်က လိမ်လည်နေသဖြင့် သုံးဖွဲ့ပေါင်းကာ ထုတ်ပြန်ခဲ့ခြင်းဟု ဖဒိုစောတောနီးက ‌ပြောသည်။
" ဒီနေ့ဒီကာလမှ တွေ့နေရတဲ့ စစ်အုပ်စုက ဘာလည်းဆိုတော့ သူတို့ကိုယ်တိုင်ကလည်း အာဏာသိမ်းတယ်၊ အကြမ်းဖက်နည်းနဲ့ ပြသနာကို ဖြေရှင်းလာတဲ့အခါမှာကျတော့ NCA စာချုပ်က ရှိနေပါသေးတယ် ငြိမ်းချမ်းရေးဖြစ်စဉ်က ရှိနေပါသေးတယ်၊ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တဲ့ ၂၀၀၈ သူတို့ကိုယ်တိုင်ရေးထားတဲ့ မတရားတဲ့ ဥပဒေလည်း ရှိနေပါသေးတယ်ဆိုပြီး သူတို့ဝါဒဖြန့်ထား တယ်။ နိုင်ငံတကာကိုလည်း လိမ်လည်လှည့်ဖြားထားတယ်။  ပြည်တွင်းမှာလည်း ဒီအတိုင်းပြောနေတယ်။ အဲ့တာကြောင့်မို့ ကရင်အမျိုးသားအစည်းအရုံး၊မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ချင်းအမျိုးသားတပ်ဦးတို့ကနေပြီးတော့ အထူးသဖြင့်ဒီစာချုပ်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီးတော့ လက်မှတ် ‌ရေးထိုးခဲ့တဲ့ အဖွဲ့ (၃) ဖွဲ့ကနေပြီးတော့ သဘောထားထုတ်ပြန် ကြေငြာချက်တစ်ခုက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေငြာခဲ့ပါ တယ်" ဟု ၎င်းက‌ပြောသည်။
စစ်ကောင်စီက NCA ရှစ်နှစ်ပြည့်အခမ်းအနားပြုလုပ်မည်ဟုဆို ကာ စီစဉ်နေပြီး ယင်းပွဲကို KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး တက်ရောက်နေသည့်အချိန်တွင် KNU က တရား၀င်ထုတ်ပြန် လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required