ပါကစ္စတန်တွင် စားသောက်ကုန်ဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက် 

By ANI 
30 March 2023
ပါကစ္စတန်တွင် စားသောက်ကုန်ဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက် 

စီးပွားရေးအကျပ်အတည်းကြုံတွေ့နေရသော ပါကစ္စတန်တွင် စားနပ်ရိက္ခာဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိပြီး ရမ်ဇန်ဥပုသ်လအတွင်း ကုန်စျေးနှုန်းများ တစ်ဟုန်ထိုးတက်လာခဲ့ကြောင်း Geo News သတင်းတွင် ဖော်ပြထားသည်။ 

ကြက်သားဈေးသည် ၁ ကီလိုဂရမ်လျှင် ပါကစ္စတန် ရူပီးငွေ ၃၅၀ အထိ မြင့်တက်ခဲ့ပြီး ဆန်ဈေးက ၁ ကီလိုဂရမ်လျှင် ၇၀ ရူပီး မှ ၃၃၅ ရူပီးသို့ မြင့်တက်သွားကြောင်း ဈေးသည်များက ပြောသည်။ 

ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် မြို့တော်ရှိ ဈေးများတွင်လည်း ဥပုသ်လအတွင်း အစားအသောက်ဈေးနှုန်းများ မြင့်တက်လာကြောင်း Geo News သတင်းတွင် ဖော်ပြခဲ့သည်။ 
သစ်သီးဝလံဈေးနှုန်းများလည်း ယခင်လထက် မြင့်တက်ခဲ့သည်ဟု အခြားဈေးသည်တစ်ဦးက ပြောသည်။ 

ထို့ပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုသည် အသားငါးဈေးကိုလည်း သက်ရောက်မှုရှိခဲ့ပြီး ယခင်က အမဲသားတစ်ကီလိုဂရမ်လျှင် ရူပီး ၇၀၀ ဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါ ရူပီး ၈၀၀ မှ ၁၀၀၀ အထိ ဈေးတက်လာပြီး ဆိတ်သားဈေးမှာ ၁ ကီလိုဂရမ်လျှင် ရူပီး ၁၄၀၀ မှ ၁၆၀၀ သို့ မြင့်တက်ခဲ့ပြီး နောက်ဆုံး ရူပီး ၁၈၀၀ အထိ ရောက်ရှိခဲ့သည်။ 

ခရိုင်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်သည့် နှုန်းထားများသည် မိမိတို့၏ ဈေးနှင့်မတူကြောင်း ဒေသခံ ဈေးသည်တစ်ဦးက ပြောသည်။

ပါကစ္စတန်နိုင်ငံအတွင်း ယခုနှစ်အတွင်း စားသောက်ကုန်ဈေး မြင့်တက်လာခြင်းကြောင့် နိုင်ငံသားများကို လုံးဝ အခက်တွေ့စေခဲ့သလို ငွေကြေးအကျပ်အတည်းက ပါကစ္စတန်ရှိ အဆင်းရဲဆုံး ပြည်သူများကို အထိနာဆုံးဖြစ်စေခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required