ပါကစ္စတန်တွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်

By ANI 
29 March 2023
ပါကစ္စတန်တွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်

ပါကစ္စတန်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ၃ ဒသမ ၅၈ ရာခိုင်နှုန်း တိုးလာသဖြင့် နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်မှုဆိုင်ရာ သတိပေးချက် ထုတ်ပြန်ထားသည်။

ပါကစ္စတန်တွင် ၂၄ နာရီအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၁၅၀ ကျော် ရှိကြောင်း Geo News က မတ်လ ၂၅ ရက်က ဖော်ပြခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုဌာနများအပါအဝင် လူစည်ကားသောနေရာများတွင် ပါးစပ်၊ နှာခေါင်းစည်းတပ်ရန် တိုက်တွန်းထားကြောင်း နိုင်ငံ၏ထိန်းချုပ်ကွပ်ကဲရေးစင်တာ(NCOC) က ထုတ်ပြန်ခဲ့သည်။  

ပါကစ္စတန်ကျန်းမာရေးဌာန (NIH) က ထုတ်ပြန်သည့် အချက်အလက်များအရ မတ်လ ၂၄ ရက်တွင် သံသယလူနာ ၄ ၁၉၄ ဦးအား စမ်းသပ်စစ်ဆေးခဲ့ရာ လူပေါင်း ၁၅၀ တွင် ရောဂါပိုး တွေ့ရှိခဲ့ရသည်။ ထို့ပြင် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်ကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး ၂၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်ဟု ဆိုသည်။ 
ပါကစ္စတန်တွင် ဧပြီလ ၃၀ ရက်နေ့အထိ ပါးစပ်၊ နှာခေါင်းစည်းများ ဝတ်ဆင်ရန် တင်းကျပ်သည့် သတိပေးချက် ထုတ်ပြန်ထားသည်။

နိုင်ငံ၏ထိန်းချုပ်ကွပ်ကဲရေးစင်တာ (NCOC) သည် ကိုဗစ်-၁၉ ဖြစ်ပွားမှုပုံစံကိုလိုက်၍ အခါအားလျော်စွာ ကန်သတ်ချက်များ ပြုလုပ်ခြင်းဖြစ်ကြောင်း NIH က ဆိုသည်။ နိုင်ငံအနှံ့ ရောဂါကူးစက်မှု အချိုးသည် ၂ ဒသမ ၉၈ ရာခိုင်နှုန်း ရှိလာခဲ့သည့်အတွက် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ 
ပါကစ္စတန်တွင် ကိုဗစ်-၁၉ မျိုးကွဲ ၃ မျိုးထဲမှ ၁ ခုနှင့် အိုမီခရွန် မျိုးကွဲ (XBB) ၂ ခုစလုံးကို ယခုနှစ် ဇန်နဝါရီလတွင် စစ်ဆေးတွေ့ရှိခဲ့သည်။

ပါကစ္စတန်တွင် ကိုဗစ်-၁၉ လှိုင်း ကြီးကြီးမားဖြစ်လာနိုင်သည့် အခြေအနေ မရှိကြောင်း NIH တာဝန်ရှိသူများက ထပ်မံပြောကြားခဲ့သည်ဟု Geo News သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly