တရုတ်သမ္မတက အမေရိကန်နှင့် နားလည်မှုလွဲမှားခြင်းကို လျှော့ချရန် မျှော်လင့်

တရုတ်သမ္မတက အမေရိကန်နှင့် နားလည်မှုလွဲမှားခြင်းကို လျှော့ချရန် မျှော်လင့်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နိုဝင်ဘာ ၁၉ ရက်က အမေရိကန်ဒုသမ္မတ ကမ်မလ ဟဲရစ်နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန်နှင့် တရုတ်တို့သည် နားလည်မှုလွဲမှားခြင်းကို ပူးတွဲ လျှော့ချကာ ဆက်ဆံရေးကို တည်ငြိမ်သောလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ရှီနှင့် အမေရိကန်ဒုသမ္မတတို့အကြား ခဏတာတွေ့ဆုံပွဲကို ဘန်ကောက်တွင်ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ ညီလာခံ၏ သီးသန့်အစည်းအဝေးအဖြစ် ကျင်းပခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နိုဝင်ဘာ ၁၉ ရက်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် APEC စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး၏ သီးသန့်တွေ့ဆုံပွဲ၌ အမေရိကန် ဒုသမ္မတ ကမ်မလာဟဲရစ်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရှီက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် မကြာသေးခင်က တွေ့ဆုံမှုသည် မဟာဗျူဟာမြောက်ဖြစ်ကာ အပြုသဘောဆောင်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး၏နောက်ထပ်အဆင့်အတွက် အရေးပါသော ရည်ရွယ်ချက်များရှိကြောင်း ပြောကြားခဲ့သည်။ ရှီက နှစ်နိုင်ငံသည် အပြန်အလှန်နားလည်မှုကို ထပ်မံမြှင့်တင်ကာ အထင်အမြင်လွဲမှားမှုများကို လျှော့ချပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ကောင်းမွန်တည်ငြိမ်သော လမ်းကြောင်းသို့ ပြန်ပို့နိုင်မည်ဟု ပြောကြားခဲ့သည်။ အမေရိကန်ဒုသမ္မတကလည်း နောက်ဆုံးအချိန်အထိ တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ကမ်မလာဟဲရစ်က အမေရိကန်သည် တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်မှု သို့မဟုတ် ပဋိပက္ခမဖြစ်လိုကြောင်းနှင့် နှစ်နိုင်ငံစလုံးသည် ကမ္ဘာ့အရေးကို ပူးပေါင်းဆောင်ရွက်သင့်ကာ

ဆက်သွယ်ရေးလမ်းကြောင်းများကို ဖွင့်ထားသင့်ကြောင်း ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly