တရုတ်အစိုးရက ဘဏ္ဍာရေးကဏ္ဍအပေါ် ချုပ်ကိုင်မှု တင်းကျပ်ကာ စောင့်ကြည့်ရေးအဖွဲ့များ၏ လစာများ ဖြတ်တောက်မည်

By Business Standard
14 March 2023
တရုတ်အစိုးရက ဘဏ္ဍာရေးကဏ္ဍအပေါ် ချုပ်ကိုင်မှု တင်းကျပ်ကာ စောင့်ကြည့်ရေးအဖွဲ့များ၏ လစာများ ဖြတ်တောက်မည်

တရုတ်အစိုးရက ဒေါ်လာ ထရီလီယံ ၆၀ တန်ဖိုးရှိသည့် ဘဏ္ဍာရေးလုပ်ငန်းပိုင်းကို ပိုမိုတင်းကျပ်ရန်နှင့် သမ္မတ ရှီကျင့်ဖျင်၏ ဘုံကြွယ်ဝမှုမူဝါဒနှင့် အညီ ဖြစ်စေရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ပြင်ဆင်မွမ်းမံလိုက်သောကြောင့် တရုတ်ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့အစည်းများသည် လစာဖြတ်တောက်မှုများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

တရုတ်အစိုးရသည် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းမှလွဲ၍ ဘဏ္ဍာရေးကဏ္ဍအားလုံးကို ကြီးကြပ်ရန် နိုင်ငံတော်အဆင့်ထိန်းသိမ်းရေးအဖွဲ့အသစ်ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း  မတ်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဗဟိုဘဏ်၊ နိုင်ငံခြားငွေလဲလှယ်ရေးဌာန၊ အာဏာပိုင်အသစ်နှင့် ငွေချေးသက်သေခံလက်မှတ်များ စောင့်ကြည့် ရေးအဖွဲ့ အပါအဝင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းများနှင့် တန်းတူလစာ ပေးမည်ဖြစ်သည်။

ထို့ကြောင့် တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံစည်းမျဉ်းစည်းကမ်းကော်မရှင် (CBIRC) ကို ထိန်းချုပ်မည့် အာဏာပိုင်အဖွဲ့အသစ်မှ အရာရှိအချို့နှင့် ငွေချေးသက်သေခံလက်မှတ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (CSRC) သည် လစာ ၅၀ ရာခိုင်နှုန်းကျော် ဖြတ်တောက်ခံရနိုင်ကြောင်း အမည်မဖော်လိုဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိတွင် တရုတ်ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင် (CSRC) နှင့် CBIRC ဝန်ထမ်းများသည် အစိုးရဝန်ထမ်းများထက် လစာ သိသိသာသာ များသည့် ရှားပါးသော ဗဟိုအစိုးရ ဌာနများထဲတွင် ပါဝင်သည်ဟု ဆိုကြသည်။ 

လက်ရှိတွင် CSRC မှ အငယ်တန်းဝန်ထမ်းအချို့သည် အကျိုးခံစားခွင့်များအားလုံး အပါအဝင်  တစ်လလျှင် ယွမ် ၂၀ ၀၀၀ (ဒေါ်လာ ၂၉၀ဝ) ခန့် ရရှိကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ပြန်လည်ပြင်ဆင်ပြီးပါက ယွမ် ၁၀ ဝဝဝ အောက်သို့ ကျဆင်းသွားဖွယ်ရှိသည်။

ကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆံးနိုင်ငံဖြစ်သည့် တရုတ်က စီပွားရေး ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေချိန်တွင် အဓိကစီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်များကို ကာကွယ်ရန် အာဏာပိုင်များက သတိထားဆောင်ရွက်နေချိန်တွင် လစာဖြတ်တောက်နိုင်သည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required