ဆီးရီးယားစစ်တက္ကသိုလ် ကျောင်းဆင်းပွဲအား အမေရိကန်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆိုသော သတင်းမှား

By Zz(မဇ္ဈိမ)
12 October 2023
ဆီးရီးယားစစ်တက္ကသိုလ် ကျောင်းဆင်းပွဲအား အမေရိကန်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆိုသော သတင်းမှား

ဆီးရီးယားစစ်တက္ကသိုလ် ကျောင်းဆင်းပွဲအား အမေရိကန်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆိုသော သတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

အောက်တိုဘာလ ၆ ရက်နေ့က Ko Thet တယ်လီဂရမ်ချန်နယ်တွင် “ဆီးရီးယားစစ်တပ် အကယ်ဒမီ ကျောင်းဆင်းပွဲအခမ်းအနားတစ်ခုမှာ ငပွကြီးက ဒုံးကျည်တိုက်ခိုက်လို လူ ၁၀၀ ကျော်သေဆုံးခဲ့” (မူရင်း အရေးအသားအတိုင်း) ဟုဆိုကာ ရုပ်သံဖိုင်တခုနှင့်အတူ ဖြန့်ဝေခဲ့သည်။  အဆိုပါရုပ်သံဖိုင်အား ကြည့်ရှုသူ ၄၀,၀၀၀ ကျော်ရှိခဲ့သည်။

ယင်းနောက်တွင် စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များ၌ “အမေရိကန်ငပွကြီးအတွက် ရန်ငြိုးရန်စတွေက တစ်ကမ္ဘာလုံးနဲ့တစ်ယောက်လို ဖြစ်လာနေပါပြီ။ အခုလည်း ဆီးရီးယားစစ်တပ် အကယ်ဒမီ ကျောင်းဆင်းပွဲအခမ်းအနားတစ်ကို အမေရိကန်က ဒုံးကျည်နဲ့တိုက်ခိုက်လို လူ ၁၀၀ ကျော် သေဆုံးမှု ဖြစ်ပွားတဲ့ရုပ်သံ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့် အမေရိကန်နိုင်ငံမှာ ၉/၁၁ လိုဖြစ်စဉ်မျိုးတွေ ထပ်မံဖြစ်ပေါ်လာနိုင်ပြီး ဖြစ်ခဲ့ရင်လည်း ဝဋ်လည်တယ်ဟုသာ မှတ်ယူရမှာပဲဖြစ်ပါ တယ်”(မူရင်းအရေးအသားအတိုင်း)ဟု ဆိုကာ အမေရိကန်က ဆီးရီးယား စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ အား ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဟုရေးသားကာ ချန်နယ် ၁၅ ခု မှ ရေးသားဖြန့်ဝေခဲ့ပြီး ဖေ့စ်ဘုတ် တွင်လည်း ပျံ့နှံ့ခဲ့သည်။

 မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ဆီးရီးယားစစ်တက္ကသိုလ် သင်တန်းဆင်းပွဲအား အမေရိကန်မှ ဒုံး ကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ရှိ၊ မရှိ အချက်အလက်စစ်ဆေးခဲ့သည်။

CNN သတင်းဌာန၏ အောက်တိုဘာ ၆ ရက်နေ့က သတင်းဖော်ပြမှု၌ ဆီးရီးယားစစ်တက္ကသိုလ် သင်တန်း ဆင်းပွဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုတွင် လူပေါင်း ၈၉ ဦးသေဆုံးကာ ၃၀၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း ဖော် ပြထားသည်။

သတင်းတွင် ဒရုန်းဖြင့်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံခြင်း မရှိကြသည့်အပြင် ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနကလည်း “နိုင်ငံတကာမိတ်ဖက်အချို့၏ အကူ အညီရထားသည့် အကြမ်းဖက်အဖွဲ့”ဟုသာ သုံးနှုန်းထားကြောင်း ရေးသားဖော်ပြထားပြီး အမေရိကန်က တိုက်ခိုက်သည်ဟု ရေးသားထားခြင်းမျိုးမရှိပေ။
လင့် - https://shorturl.at/jsTZ4

ထို့ပြင် BBC သတင်းဌာနကလည်း ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနသုံးနှုန်းထားသည့်အတိုင်း သုံးနှုန်း ခဲ့ပြီး အမေရိကန်နိုင်ငံကပြုလုပ်သည်ဟု ရေးသားထားခြင်း မရှိပေ။
လင့် - https://tinyurl.com/ysph9rfb

ထို့ကြောင့် ဆီးရီးယားစစ်တက္ကသိုလ် သင်တန်းဆင်းပွဲအား အမေရိကန်က ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆို သောသတင်းမှာ မှားယွင်းပြီး တိုက်ခိုက်ခဲ့သည့်အဖွဲ့အစည်းကို ယနေ့အချိန်ထိ သိရခြင်း မရှိသေးပေ။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required