ဇိုမီးရိုးရာ ခွါဒိုပွဲတော်

ဇိုမီးရိုးရာ ခွါဒိုပွဲတော်

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့မှာ  Zomi Innkuan Delhiအဖွဲ့က ဦးဆောင်ပြီး ဇိုမီးရိုးရာ ခွါဒိုပွဲတော်ကို  အောက်တိုဘာလ ၅ရက်နေ့က ကျင်းပကြပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ်နဲ့ တွန်းမြို့နယ်တွေမှာ အများဆုံးနေထိုင်တဲ့ ဇိုမီးလူမျိုးတွေရဲ့ ခွါဒိုပွဲတော်ကို နှစ်စဥ်တောင်ယာ ရိတ်သိမ်းပြီးတဲ့အချိန် အောက်တိုဘာလအတွင်းမှာ ကျင်းပလေ့ရှိပါတယ်။

နယူးဒေလီမြို့မှာကျင်းပတဲ့ ခွါဒိုပွဲတော်အကြောင်းကို ဦးဆောင်သူတဦးဖြစ်တဲ့ ပူဇိုမာန်က ပြောပြပါတယ်။

အခုလိုပွဲတွေကျင်းပခြင်းအားဖြင့် မျိုးချစ်စိတ်ဓာတ်တိုးပွားလာစေပြီး လူငယ်တွေအနေနဲ့ ရိုးရာယဥ် ကျေးမှုအကတွေ၊ ရိုးရာသီချင်းတွေနဲ့ ပျော်ရွင်စွာ သီဆိုဖျော်ဖြေနေတာကို မြင်တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း ပူဇိုမာန်က ပြောပါတယ်။

သတင်း/ရုပ်သံတည်းဖြတ်-ကိုခင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly