အိန္ဒိယ၏ ပထမဆုံး အာကာသယာဉ် Aditya-L1 ကမ္ဘာပတ်လမ်းအတွင်းသို့ ၄ ကြိမ်မြောက် အောင်မြင်စွာ ရောက်ရှိ

အိန္ဒိယ၏ ပထမဆုံး အာကာသယာဉ် Aditya-L1 ကမ္ဘာပတ်လမ်းအတွင်းသို့ ၄ ကြိမ်မြောက် အောင်မြင်စွာ ရောက်ရှိ

နေကို လေ့လာမည့် အိန္ဒိယ၏ ပထမဆုံး အာကာသအခြေစိုက် မစ်ရှင်ဖြစ်သည့် Aditya L1 အာကာသယာဉ် သည် စက်တင်ဘာ ၁၅ရက် နံနက်အစောပိုင်းတွင် ကမ္ဘာပတ်လမ်းအတွင်းသို့ ၄ ကြိမ်မြောက် အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း ISRO မှ ပြောကြားလိုက်သည်။

" ကမ္ဘာပတ်လမ်းအတွင်းသို့ ၄ ကြိမ်မြောက် အောင်မြင်စွာ ရောက်ရှိခဲ့ပါသည်။ မော်ရေးသျှ၊ ဘန်ဂလာရု၊ အန်ဒရာ ပရာဒေ့ရှ်နှင့် ပို့ဘဲရားရှိ ISRO ၏ မြေပြင်စခန်းများသည် ဂြိုဟ်တုအား ယခုမစ်ရှင်အတွင်း ခြေရာ ခံခဲ့ပြီး၊ ဖီဂျီကျွန်းများတွင် Aditya-L1 အတွက် လက်ရှိ အခြေစိုက်ထားသော စခန်းမှ ကမ္ဘာပတ်လမ်းအတွင်း ဝင်ရောက်ပြီးနောက်ပိုင်း လုပ်ဆောင်မှုများကို ပံ့ပိုးပေးလိမ့်မည်” ဟု အာကာသ အေဂျင်စီက လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။ 

" Aditya-L1 သည် ကမ္ဘာမြေမှ ကီလိုမီတာ ၁ ဒသမ ၅ သန်းခန့်အကွာတွင်ရှိသော ပထမဆုံး နေ- ကမ္ဘာ Lagrangian အမှတ် (L1) ပတ်လမ်းအနီးမှ နေကို လေ့လာသည့် ပထမဆုံးအိန္ဒိယအာကာသအခြေစိုက် လေ့လာရေးယာဉ်ဖြစ်သည်။ 

ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ စက်တင်ဘာ ၃၊ ၅ နှင့် ၁၀ ရက်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယမြောက် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ယင်းရောက်ရှိမှုများကို အာကာသယာဉ်၏ ၁၆ ရက်ကြာ ကမ္ဘာပတ်ခရီးအတွင်း လုပ်ဆောင်ခဲ့ပြီး၊ အဆိုပါ အာကာသယာဉ်သည် L1 သို့ သွားရောက်မည့်ခရီးစဉ်အတွက် လိုအပ်သော အလျင်ကို ရရှိမည်ဖြစ်သည်။

Upon arrival at the L1 point, another manoeuvre binds Aditya L1 to an orbit around L1, a balanced gravitational location between the Earth and the Sun.

L1 အမှတ်သို့ ရောက်သောအခါ၊ Aditya L1 သည် ကမ္ဘာနှင့် နေကြားရှိ မျှတသော ဆွဲငင်အားရှိသော L1 အမှတ်နားရှိ ပတ်လမ်းတစ်ခုအနီးတွင် တည်ရှိသွားမည်ဖြစ်သည်။ 

According to ISRO, a spacecraft placed in the halo orbit around the L1 point has the major advantage of continuously viewing the Sun without any occultation /eclipses.

L1 အမှတ်တဝိုက်တွင် ထားခြင်းဖြင့် နေထီးဆောင်းမှုမရှိခြင်းကြောင့် အာကာသယာဉ်သည် နေကို ကွယ် ခြင်း/ နေကြတ်ခြင်းမရှိဘဲ ဆက်တိုက်ကြည့်ရှုခြင်းနိုင်ခြင်းက အဓိကအားသာချက် ဖြစ်ကြောင်း ISRO က ဆိုသည်။ 

This will provide a greater advantage in observing solar activities and their effect on space weather in real-time.

ယင်းသည် နေ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခြင်းနှင့် အချိန်နှင့်တပြေးညီ အာကာသရာသီဥတုအပေါ် ယင်းတို့၏ အကျိုးသက်ရောက်မှုကို လေ့လာနိုင်မည်ဖြစ်သည်။

According to scientists, there are five Lagrangian points (or parking areas) between the Earth and the Sun where a small object tends to stay if put there. 

သိပ္ပံပညာရှင်များ၏ အဆိုအရ ကမ္ဘာနှင့် နေကြားတွင် သေးငယ်သော အရာဝတ္ထုတစ်ခုတည်ရှိနေနိုင်မည့် လာဂရန်ဂျီအမ်အမှတ် (သို့မဟုတ်) ရပ်နားရန်နေရာ ၅ နေရာရှိသည်။ 

These points in space can be used by spacecraft to remain there with reduced fuel consumption.

အဆိုပါ အမှတ်များတွင် အာကာသယာဉ်တည်ရှိပါက လောင်စာသုံးစွဲမှု လျှော့နည်းစေမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly