မီဇိုရမ်တွင် ရူပီး ၅ ကုဋေ တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ မြန်မာနိုင်ငံသားကို ဖမ်းဆီး 

By ANI News 
02 September 2023
မီဇိုရမ်တွင် ရူပီး ၅ ကုဋေ တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ မြန်မာနိုင်ငံသားကို ဖမ်းဆီး 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချမ်းဖိုင်ခရိုင်တွင် နယ်စပ်လုံခြုံရေး တာဝန်ယူရသော Assam Rifles က ယစ်မျိုးနှင့် မူးယစ်ဆေးဌာနတို့နှင့် ပူးပေါင်းစစ်ဆင်မှုအတွင်း ရူပီး ငါးကုဋေကျော် (ကျပ်ငွေ ၁,၂၇၅ သန်း) တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်မှတဆင့် တာဝန်ရှိသူများက ပြောသည်။ 

ထို ဖမ်းဆီးမှုနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံသား တဦးကိုပါ ဖမ်းဆီးထားသည်ဟု တာဝန်ရှိသူများက ထုတ်ပြန်သည်။ 

ဘီသယ်ဗန့်အရပ်၌ အဆိုပါ ပူးပေါင်းစစ်ဆင်ရေးအတွင်း ဆပ်ပြာဘူးများဖြင့် ထည့်လာသော အလေးချိန်အားဖြင့် ၈၅၂ ဒသမ ၁၆ ဂရမ်ရှိ ဘိန်းဖြူများကို ဩဂုတ် ၃၁ ရက်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။ 

အဆိုပါ ဖမ်းဆီးရမိသည့် ဘိန်းဖြူများသည် တန်ဖိုးအားဖြင့် ခန့်မှန်းခြေ ရူပီ ၅ ဒသမ ၉၆ ကုဋေ (ကျပ်ငွေ ၁,၅၁၉ သန်းကျော်) ရှိသည်။ 

သံသယရှိ ဖမ်းဆီးထားသူသည် အသက် ၃၄ နှစ်ရှိ မြန်မာနိုင်ငံမှ အမျိုးသားတဦး ဖြစ်သည်။ ၎င်းကို ယစ်မျိုးနှင့် မူးယစ်ဆေးဝါးဌာနက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

နောက်ထပ် စုံစမ်းစစ်ဆေးမှုများအား ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ 

ဩဂုတ် ၃၁ ရက်က အဆိုပါ စစ်ဆင်ရေးမှာပင် ချောင်တေးအရပ်၌ တန်ဖိုးအားဖြင့် ရူပီး ၄၂ ဒသမ ၁၄ သိန်း (ကျပ်ငွေ ၁၀ သန်းကျော်) ရှိ ဘိန်းဖြူများကို ဆပ်ပြာဘူး ငါးဘူးအတွင်း သိုဝှက်လာသည်ကို ဖော်ထုတ်ဖမ်းဆီးခဲ့ရကြောင်း ထုတ်ပြန်ချက်တရပ်အရ သိရသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly