ရှီကျင့်ဖျင်၏ တတိယသက်တမ်းတွင် ထိုင်ဝမ်နှင့်ကမ္ဘာအတွက် စိန်ခေါ်မှုများစွာဖြင့် ပြည့်နှက်နေနိုင်

ရှီကျင့်ဖျင်၏ တတိယသက်တမ်းတွင် ထိုင်ဝမ်နှင့်ကမ္ဘာအတွက် စိန်ခေါ်မှုများစွာဖြင့် ပြည့်နှက်နေနိုင်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀ မြောက်ပါတီညီလာခံတွင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရပြီး တတိယသက်တမ်းကို ယူထားနိုင်သော်လည်း ယင်းက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ထိုင်ဝမ်အတွက် အန္တရာယ်ရှိကြောင်း ပြသနေသည်။ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ခြင်းဖြင့်သာ နိုင်ငံအတွင်းရှိ ပြည်သူများ၏ မကျေနပ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း တရုတ်ခေါင်းဆောင်များက သဘောပေါက်ထားကြသည်ဟု The HK Post က ဖော်ပြသည်။

ထိုသို့လုပ်ဆောင်မှုမှာ ကြားကောင်းရုံသက်သက်သာဖြစ်ပြီး သမ္မတရှီကျင့်ဖျင်သည် ဆိုးရွားသော ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုအောက်တွင် မွန်းကျပ်နေသော ပြည်သူများ၏ အာရုံကို လွှဲပြောင်းပုံရသည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ပြည်သူ့လုံခြုံရေးအကြောင်းပြချက်ဖြင့် နေထိုင်သူများအား စားနပ်ရိက္ခာ၊ ရေနှင့် ဆေးဝါးများ အလျဉ်းသင့်သလို မစီမံပေးဘဲ တစ်မြို့ပြီးတစ်မြို့အား အသွားအလာပိတ်ဆို့မှုအောက်တွင် ထားရှိပြီးနောက် ပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်ခဲ့သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒါ၏ရိုက်ခတ်မှုကြောင့် နိုင်ငံအတွင်း စီးပွားရေးနှင့်အလုပ်အကိုင်အခြေအနေသည် ဆိုးရွားလာသည်။ Weibo နှင့် WeChatကဲ့သို့သော တရုတ်လူမှုမီဒီယာများတွင်လည်း တစ်ဦးချင်းစီ၏ ပြဿနာဒုက္ခများစွာဖြင့် ပြည့်နှက်နေသည်။

ထို့ပြင် တစ်ပတ်ကြာကျင်းပသော ၂၀ ကြိမ်မြောက် ပါတီညီလာခံ၌ သမ္မတရှီ၏ မိန့်ခွန်းက မကြာမီကာလအတွင်း ခြိမ်းခြောက်မှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများကို ရှင်းလင်းနိုင်မည်လိမ့်ဟူသော မျှော်လင့်ချက်ကို ပပျောက် သွားစေသည်။

ရှီသည် တရုတ်၏အကျိုးစီးပွားများ (ပိုင်နက်တောင်းဆိုခြင်းများ) ကို ကာကွယ်စောင့်ရှောက်ခြင်း၊ စစ်ရေးစွမ်းရည်ကို အားကောင်းစေခြင်းနှင့် ထိုင်ဝမ်နှင့်ပေါင်းစည်းရေးအတွက် အင်အားအသုံးပြုမှုကို မစွန့်လွှတ်ခြင်း စသည့်အချက်များကို အလေးထားပြောကြားခဲ့သည်ဟုThe HK Postကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly