'အနိုင်ရလိုစိတ်'ကို ဘာကာဆီ လီဝန်ဒေါစကီး ဆောင်ယူပေးမှာပါ - ခရစ္စတင်းဆန်

'အနိုင်ရလိုစိတ်'ကို ဘာကာဆီ လီဝန်ဒေါစကီး ဆောင်ယူပေးမှာပါ - ခရစ္စတင်းဆန်
Photo: AFP

ရောဘတ် လီဝန်ဒေါစကီးဟာ ဘာစီလိုနာအတွက် လိုအပ်နေတဲ့ 'အနိုင်ရလိုစိတ်' ကို ယူဆောင်လာလိမ့်မယ်လို့ အသင်းဖော်အသစ် အန်ဒရေစ် ခရစ္စတင်းဆန်က ပြောပါတယ်။

ပိုလန်စူပါစတားဟာ အင်္ဂါနေ့မှာ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမီယာမီနဲ့ ခြေစမ်းပွဲမတိုင်ခင် ဘိုင်ယန်မြူးနစ်ကနေ လာလီဂါဘီလူးကြီးတွေဆီ အပြီးသတ် ပြောင်းရွှေ့ဖို့ မိုင်ယာမီကို ရောက်ရှိနေပြီဖြစ်ပါတယ်။
 
အသက် ၃၃ နှစ်အရွယ် လီဝန်ဒေါစကီးဟာ မဟာပြိုင်ဖက် ရီးယဲလ်မက်ဒရစ်က ချန်ပီယံဆု ဆွတ်ခူးချိန် နောက်ကွယ်မှာ ငွေကြေးပြဿနာတွေလည်း ရင်ဆိုင်နေရ၊ ကွင်းအတွင်းရော ကွင်းပြင်ပမှာပါ ရုန်းကန်နေရတဲ့ ဘာစီလိုနာနဲ့ ပူးပေါင်းခဲ့တာပါ။

ဒါပေမယ့် ဒိန်းမတ်လက်ရွေးစင် ခရစ္စတင်းဆန်က ဘွန်ဒက်လီဂါမှာ ရှစ်ရာသီအတွင်း ၃၄၈ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဟာ သူ့ရဲ့ပြောင်းရွှေ့ပြီးနောက် စပိန်ဘောလုံးလောကကို တောက်ပလာစေလိမ့်မယ်လို့ အခိုင်အမာဆိုနေပါတယ်။

"သူ အသင်းနဲ့ ပေါင်းစည်းဖို့က လွယ်ပါတယ်"လို့ နောက်ခံလူ ခရစ္စတင်းဆန်က ဖလော်ရီဒါတောင်ပိုင်းမှာ ပရိသတ် ၁,၀၀၀ ခန့် လာရောက်ခဲ့တဲ့ ဘာကာလေ့ကျင့်ရေးအစီအစဉ်မတိုင်ခင် AFP ကို ပြောတယ်။

”အသင်းက ကစားသမားတွေကို ကြိုဆိုတယ်လို့ ခံစားရပေမယ့် သူ့မှာ အရည်အချင်းတွေနဲ့ အနိုင်ယူတတ်တဲ့ စိတ်ဓာတ်မျိုး ရှိတယ်။

"သူ့ရဲ့အရည်အချင်းတွေက သိသာထင်ရှားပါတယ်။ သူဒီမှာရှိနေလို့ လူတိုင်းက ပျော်ရွှင်နေပြီး ကျွန်တော်တို့ကို တွန်းအားပေးပြီး သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးနိုင်တယ်။ သူ့ကို ရထားတာက အသင်းအတွက် အရမ်းကောင်းပါတယ်။"

ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ၁၀ကြိမ်ဆက်တိုက် ဘွန်ဒက်စ်လီဂါဆုဖလားရရှိခဲ့မှုမှာ  လီဝန်ဒေါ့စကီးဟာ ပြိုင်ပွဲစုံမှာ ဂိုးပေါင်း ၅၀ သွင်းယူခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly