အင်ဒိုနီးရှားနိုင်ငံတွင် လူကုန်ကူးခံသည့် မြန်မာရေလုပ်သား ၁၃ ယောက်က ပြန်တရားစွဲ

အင်ဒိုနီးရှားနိုင်ငံတွင် လူကုန်ကူးခံသည့် မြန်မာရေလုပ်သား ၁၃ ယောက်က ပြန်တရားစွဲ
ဓာတ်ပုံ-ယဉ်မွန်ခိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ။          ။ အင်ဒိုနီးရှားနိုင်ငံ ဗန်ကြီးနားကျွန်းတွင် လူကုန်ကူးခံခဲ့ရသော မြန်မာရေလုပ်သား ၅၀၀ ကျော်ထဲမှ ၁၃ ယောက်က နစ်နာမှုလျှော်ကြေးများ ရရှိရန်အတွက် အင်ဒိုနီးရှားနိုင်ငံ တရားရုံးတွင် ပြန်လည်တရားစွဲဆို တောင်းခံခဲ့ ကြကြောင်းသိရသည်။

လှေပေါ်တွင် အနိုင်ကျင့် ခေါင်းပုံဖြတ်ခဲ့သည့် ပဲ့နင်းဦးစီးနှင့် လှေကို နှစ်နိုင်ငံ လူကုန်ကူမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဗန်ကြီးနားကျွန်းရှိ တရားရုံးတွင် တရားစွဲ ဆိုနိင်ခဲ့သော်လည်း ပိုင်ရှင်သူဌေးကိုမူ တရားစွဲဆိုနိုင်ခြင်းမရှိကြောင်း ကိုဝင်းထွဋ်က ပြောသည်။

၂၀၁၅ခုနှစ်၊ မေလပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံမှ တရားမဝင်လူကုန်ကူးခံခဲ့ရမှုကြောင့် မြန်မာရေလုပ်သား ၅၀၀ ကျော်ဟာ မြန်မာအစိုးရအကူအညီဖြင့်  ပြန်လည်ရောက်ရှိလာခဲ့ပြီးယခုကဲ့သို့ နစ်နာကြေးတောင်း ဆိုခဲ့ကြခြင်း ဖြစ်သည်။

“ စခေါ်တုန်းကတော့ ပန်းရံလုပ်ရမယ်ဆိုပြီးခေါ်တယ်။ နောက်တော့ သူဌေးအိမ်ရောက်မှ ကျွန်တော်တို့ လူကုန်ကူးခံရတယ်ဆိုတာ သိတာ။ ဘာမှမတက်နိုင်တော့လို့ ဆက်ပြီး အဲဒီလှေပေါ်မှာပဲ ဆက်လုပ်ခဲ့ရတယ်။ ကိုယ့်မြန်မာနိုင်ငံ ပြန်လာရတော့ အရမ်းပျော်တယ်။ ကျွန်တော်တို့အတက်နိုင်ဆုံး တရားသူကြီးကိုလျှောက်ထား ခဲ့တယ်။  အမှုက နိုင်မယ်လို့ မျှော်လင့်တယ်။ နစ်နာကြေး   တွေတောင်းခဲ့ပါတယ်။” ဟု တရားစွဲဆိုရာတွင် ပါဝင်ခဲ့သော ကိုဝင်းထွဋ်က မဇျွိမကို ပြောသည်။

ယခု ၁၃ ယောက် တရားစွဲထားသည့် အမှုအနိုင်ပြီး နစ်နာလျှော်ကြေးများရရှိပါက ကျန်ရှိနေသေးသော ရေလုပ်သားများ အတွက်လည်း ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

"ကျွန်တော်တို့ သမာအာဇီဝနဲ့ ရှာဖွေထားရတဲ့ လုပ်အားခလေးတွေကို ပြန်လိုချင်ပါတယ်။ ကိုယ် ပင်လယ်ထဲမှာ အသက်မသေရုံတမယ် မိသားစုနဲ့ဝေးကွာပြီး ရှာဖွေထားရတဲ့အတွက် ပြန်လိုချင်ပါတယ်။ မရ ရအောင်လည်း ကြိုးစားသွားမှာပါ” ဟု တရားစွဲဆိုရာတွင် ပါဝင်ခဲ့သော  ကိုသန့်ဇင်ဝင်းက ပြောသည်။

နစ်နာကြေးအတွက် အင်ဒိုနီးရှားတရားရုံးက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလလောက်တွင် အမိန့်ချနိုင်ဖွယ်ရှိကြောင်းနှင့် နစ်နာကြေးတောင်းခံရာတွင်လည်း တစ်ဦးနှစ်တစ်ဦး မတူညီကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required