နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၉ အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၉ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ် အဖွဲ့များဦးဆောင်ကာ BPLA၊ PLA၊ MDY-PDF စသည့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်ကာ “Operation 1027” စစ်ဆင်ရေးကြီးကို စတင်ဆင်နွှဲ နေပြီ ဖြစ်တာ သိရှိရသည့် အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေနှသ်ြ  “Operation 1027” ကို ပြည်သူလူထု တရပ်လုံးနှင့်  အတူ ဝမ်းမြောက် အားတက် စွာ ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်သည်။

ရက်ပေါင်း ၁၀၀၀ ပြည့်သည့်တိုင် မလဲမယိုင်ဘဲ ပြတ်သားခိုင်မာခဲ့ကြသည့် တိုင်းရင်းသားပြည်သူ လူထုတရပ်လုံး၏ စိတ်အားသတ္တိကို  အလေးအမြတ်ထားပြီး ဦးညွတ်လိုက်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် ထူထောင်ရေး တို့အတွက် မဟာဗျူဟာ မြောက် ထိုးစစ်များကို စစ်မျက်နှာအစုံမှာ စတင်ထိုးစစ်ဆင်နေကြပြီး ပြည်သူ့ရင်သွေးများဖြစ် သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကလည်း ကျရာနေရာကနေ တာဝန်များ ကျေပွန်စွာ ထမ်းရွက်နေကြပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

တလှိုင်းပြီးတလှိုင်းမြင့်လာသည့် နွေဦးတော်လှန်ရေးကို တတ်နိုင်သမျှ ဆက်လက်ပါ၀င်ကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

 စစ်ကောင်စီ အသုံးပြုခွင့်ရရှိနေသည့် ငွေကြေးများ၊ လက်နက်များ၊ စစ်သုံးဆက်စပ်ပစ္စည်း များနှင့် လေယာဉ်ဆီများကို တားဆီးပိတ်ဆို့ပေးရန် မြန်မာပြည်သူအယောက် ၂၇,၇၀၀ ကျော်တို့၏ လက် မှတ် များနှင့်အတူ ပြည်တွင်း၊ ပြည်ပတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်း ၄၃၁ ဖွဲ့က စင်ကာပူအစိုးရထံသို့ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အိတ်ဖွင့်ပေးစာပေးပို့ခဲ့ ကြောင်း Blood Moneyအဖွဲ့က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံသပိတ် ကော်မတီဝင်များက တော်လှန်ရေးတွင် ပါဝင်ကြသည့် ပြည်သူများအား ဂုဏ်ပြုစကား ပြောကြားထားသည်။

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ဇီးတောကျေးရွာအနီးတွင် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်း က စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း အောင်ဆန်းမျိုးဆက် အဖွဲ့ ထံက သိရသည်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်သားသစ်စုစောင်းရေးတာဝန်ခံ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး မျိုးဆန်းဝင်းဆိုသူကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့မရဲစခန်းနှင့် ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာရှိ ပျူစောထီး စခန်းတို့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ယနေ့ (အောက်တိုဘာ ၂၉)အသိပေး ထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိကျေးရွာများအား စစ်ကြောင်းထိုးပြန်လာသော စစ်ကောင်စီတပ်ယာဥ်နှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တစ်နေရာတွင် သပိတ်အင်အားစုမှလူငယ်များက ပြည်သူ့တော်လှန်ရေး ရက်ပေါင်း (၁၀၀၀)ပြည့်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်၍ ဆန္ဒထုတ်ဖော်မှု ယနေ့ (အောက်တိုဘာ ၂၉) နံနက်က ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်း၊ မြင်းခြံ - တောင်သာလမ်းပိုင်းရှိ စစ်ကောင်စီ၏ တိုးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကူလာ သည့် ယာဥ်များပါ ထပ်မံတိုက်ခိုက်ခံရကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သော ကိုးကန့်(MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင် (ULA/AA) ပူးပေါင်းဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကျန်ရှိနေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အားလုံးအရှိန်မြှင့်ပါဝင်ပေးကြရန် ကရင်အမျိုးသားတိုးတက်ရေးပါတီ (KNPP)က ထုတ်ပြန်လိုက်သည်။

၁၀၂၇ စစ်ဆင်ရေးကို ဆောင်ရွက်နေချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ၅၇ ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောကြားလိုက်သည်။

၁၀၂၇ စစ်ဆင်ရေး တတိယမြောက်နေ့အဖြစ် ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ကို မြောက်ပိုင်းမ ဟာမိတ်ညီနောင်အဖွဲ့များက ထိန်းချုပ်လိုက် လိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်း အရင်းအမြစ်တွေအရ သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်က အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၃၂၄)အထိုင်စခန်းကို KIA ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး တတိယနေ့အဖြစ်  အောက် တိုဘာ ၂၉ရက်နေ့မှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့ အရှေ့ ဘက်က အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို MNDAA က တိုက်ခိုက် သိမ်းယူ နိုင်ခဲ့ရာစစ်သုံ့ပန်း ၃ယောက် ဖမ်းမိခဲ့ကြောင်း The Kokangက အသိပေးထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် နံနက်အစောပိုင်းက စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားနေ ကြောင်း သတင်းရရှိသည်။

ကိုးကန့်ဒေသ ချင်းရွှေဟော်သို့ လေထီးဖြင့် စစ်အင်အားလာပို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကို ချေမှုန်းနိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

ထီးချိုင့်မြို့အနီး နေရာနှစ်ခု၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDFပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နေ့လယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရသည်။

စစ်ကောင်စီ

လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီကို ဝေဖန်သည့်စာများ ရေးသားသည့် ပြန်ကြားရေး ဝန်ကြီး ဟောင်း ဦးရဲထွဋ်ကို အောက်တိုဘာလ ၂၈ရက် ညပိုင်းတွင် ဖမ်းဆီးထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်စခန်းအများပြားကို လက်လွှတ်နေရသည့် စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကိုးကန့်နယ်မြေရှိ ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်နေ သော ကြောင့် ပြည်သူပိုင်နေအိမ် အများအပြားထိခိုက်ပျက်စီးမှု ရှိနေကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များထံက သိရသည်။

ကရင်နီ(ကယား)ပြည်နယ်ကိုစစ်ကြောင်းထိုးရန်ဖယ်ခုံ နယ်စပ်သို့ ရောက်ရှိနေသော စစ်ကောင်စီ တပ်သားများ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တပ်ကူအဖြစ် သွား​နေကြောင်း ဒေသခံသတင်းရင်း မြစ်အချို့က ပြောသည်။

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသော ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ဒက္ခိဏ သီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု တပ်ပိုးကျေးရွာ ရန်အောင်မြင် ထန်းတောကျောင်းတိုက်၌ ကျင်းပနေ ကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။

ဘာသာရေးလူမျိုးရေးအစွန်းရောက်အဖွဲ့ဖြစ်နေသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA သည် အကြမ်းဖက်စစ်တပ်မှ ရွာများကို မီးရှို့ကာ ပြည်သူများကို သတ်ဖြတ်မှုများ ပြုလုပ်နေသည်ကို မမြင်ချင် ယောင်ဆောင်နေပြီး တော်လှန်ရေးတပ်များမှ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်၍ အကြမ်းဖက် စစ်တပ် အထိနာချိန်တွင် စစ်တပ်ဘက်မှလိုက်၍ ထုတ်ပြန်ချက်များ ထုတ်ပြန်နေသည်။

အကြမ်းဖက်မင်းအောင်လှိုင် ၏ဇနီး ဒကြူကြူလှသည် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ကျင်းပသည့် “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး” တေးသီချင်း အဆိုပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၉ ရက် သုံးသပ်ချက်

ကနဦးအစက ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းထားသည့် YMBA သည် အကြမ်းဖက်မင်းအောင်လှိုင် စစ်တပ်အတွင်းထိပ်ပိုင်းနေရာယူလာချိန်မှစ၍ ဘာသာရေးလူမျိုးရေးအစွန်းရောက် အဖွဲ့အစည်းအဖြစ် ရောက်သွား ပြီး တိုင်းပြည်မတည်ငြိမ်အောင် သွေးထိုးခြင်း အကြမ်းဖက်လုပ်ရပ်များကို အားပေးခြင်းများ ပြုလုပ်လာသည်ကိုတွေ့ရသည်။

တော်လှန်ရေးအင်းအားစုများသည် ရှမ်းမြောက်တခွင်တွင် ထိုးစစ်ပြုလုပ်နေပြီး ရက်အနည်းငယ်အတွင်း စစ်ကောင်စီစခန်း ၅၀ကျော်ကို သိမ်းပိုက်နိုင်ကာ မြို့တချို့ကို ထိန်းချုပ်လာနိုင်သည်ကို တွေ့ရသည်။ စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်မှတော့ စစ်သားများ အသေများနေသော်လည်း ပွဲတော်များ ၊ပြိုင်ပွဲများ ကျင်းပကာ အပျော်ကျူးနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly