တိုက်ပွဲကြောင့် ရှမ်းမြောက်မှာ စစ်ရှောင် ၈ ထောင်ကျော်ရှိလာ (ရုပ်/သံ)

By KMN (မဇ္ဈိမ)
30 October 2023
တိုက်ပွဲကြောင့် ရှမ်းမြောက်မှာ စစ်ရှောင် ၈ ထောင်ကျော်ရှိလာ (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့  ညီနောင်မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၈,၀၀၀ ကျော်ရှိလာပြီလို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ဒီကနေ့ အောက်တိုဘာလ ၂၉ ရက် ညနေအထိ စစ်ဘေးရှောင်ဦးရေ ၈,၀၀၀ ကျော်ရှိလာတာ ဖြစ်ပါတယ်။ ဖုန်းလိုင်းဆက်သွယ်မရတဲ့နေရာတွေမှာ စစ်ရှောင်တွေ ထပ်ပြီးရှိနိုင် သေးတယ်လို့လည်း ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ လာရိူး ၊မိုးကုတ်၊ကွတ်ခိုင်၊ကျောက်မဲ နဲ့ သိန္နီမြို့နယ်တွေမှာရှိနေတာဖြစ်ပြီး ဘုန်းတော်ကြီးကျောင်နဲ့ နီးစပ်ရာဒေသတွေမှာနေထိုင်နေကြရတယ်လို့
တအာင်းအမျိုးသမီးအဖွဲ့အစည်းက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required