ဘင်္ဂလားဒေ့ရှ်က ဒစ်ဂျစ်တယ်နှင့်နည်းပညာတိုးတက်မှုအတွက် ရည်မှန်းအကောင်အထည်ဖော်နေ

By IFFRAS  
01 November 2023
ဘင်္ဂလားဒေ့ရှ်က ဒစ်ဂျစ်တယ်နှင့်နည်းပညာတိုးတက်မှုအတွက် ရည်မှန်းအကောင်အထည်ဖော်နေ

ဘင်္ဂလားဒေ့ရှ်သည် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာမှ ပံ့ပိုးပေးထားသည့် မျှော်မှန်းချက်ဖြစ်သော 'ဒစ်ဂျစ်တယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ' ဖြစ်လာရေးအတွက် စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ထိုရည်မှန်းချက်သည် အသွင်ကူးပြောင်းရေးကို ကိုယ်စားပြုပြီး နိုင်ငံတစ်ဝန်း တိုးတက်မှု၊ ထိရောက်မှုနှင့် အားလုံးပါဝင်နိုင်မှုကို တွန်းအားပေးရန် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့ကို မြှင့်တင်ခြင်းဖြစ်သည်။

ရှိတ်ခ်ဟာစီနာ၏ ထက်မြက်သော ဦးဆောင်မှုအောက်တွင် ဘင်္ဂလားဒေ့ရှ်သည် ဒစ်ဂျစ်တယ်ဘင်္ဂလားဒေ့ရှ် မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသော ခြေလှမ်းများ လှမ်းနိုင်ခဲ့သည်။ နိုင်ငံသားများကို ထိထိရောက်ရောက် အသုံးချပြီး စီးပွားရေးကဏ္ဍအသီးသီးကို ပြောင်းလဲလျက် နည်းပညာတိုးတက်မှုများကို နိုင်ငံတည်ထောင်မှု၏အစိတ်အပိုင်းဖြစ်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်ဘင်္ဂလားဒေ့ရှ်၏ အခြေခံအချက်များအနက်တစ်ခုမှာ အစိုးရက နည်းပညာအသုံးပြု၍ ဝန်ဆောင်မှုပေးသည့်စနစ်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ 

ရှိတ်ခ်ဟာစီနာ၏ လမ်းညွှန်မှုအောက်တွင် ဘင်္ဂလားဒေ့ရှ်သည် ကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ်များ တိုးချဲ့ရန်နှင့် နိုင်ငံ၏ဝေးလံသောနေရာများအထိ အင်တာနက်အသုံးပြုခွင့် ရရှိစေရန် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ ထိုချိတ်ဆက်မှုသည် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများပေးဆောင်ခြင်း၊ အင်တာနက်မှလေ့လာသင်ကြားနိုင်သည့် အခွင့်အလမ်းများနှင့် အသိပညာအခြေခံလူ့အဖွဲ့အစည်းကို ပျိုးထောင်ရာတွင် အဓိကကျသည်။

နိုင်ငံသားတိုင်း ဒစ်ဂျစ်တယ်စနစ် အကျိုးကျေးဇူးရရှိစေရန် ဒစ်ဂျစ်တယ်စာပေနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို အလေးထားလုပ်ဆောင်ခဲ့သည်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာသည် တိုးတက်မှုနှင့် စွန့်ဦးတီထွင်မှုတွင် ဒစ်ဂျစ်တယ်စီးပွားရေး၏ အလားအလာကို အသိအမှတ်ပြုသည်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များ၊ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးနှင့် စွန့်ဦးတီထွင်မှုများကို မြှင့်တင်ရန် အမျိုးမျိုးသော အစီအစဉ်များကို မိတ်ဆက်ထားသည်။ ထိုကြိုးပမ်းမှုများသည် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရုံသာမက ဘင်္ဂလားဒေ့ရှ်အား ဒစ်ဂျစ်တယ်ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုလည်းဖြစ်လာစေသည်။

ရှိတ်ခ်ဟာစီနာအစိုးရသည် နည်းပညာကဏ္ဍတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကာ ဆန်းသစ်တီထွင်မှုများ၊ အစပျိုးမှုများနှင့် နည်းပညာစွန့်ဦးတီထွင်သူများ၏ ရှင်သန်နေသောဂေဟစနစ်ကို ဦးတည်လျက်ရှိသည်။

အချုပ်အားဖြင့်ဆိုသော် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ၏ ဒစ်ဂျစ်တယ်ဘင်္ဂလားဒေ့ရှ် မျှော်မှန်းချက်သည် အမှန်တကယ် အကောင်အထည်ပေါ်လာပြီဖြစ်သည်။ နည်းပညာတိုးတက်မှုများ၊ နည်းပညာသုံးအစိုးရအုပ်ချုပ်မှုစနစ်၊ ဒစ်ဂျစ်တယ်စာပေနှင့် တိုးတက်ရှင်သန်နေသောဒစ်ဂျစ်တယ်စီးပွားရေးသည် အပြုသဘောဆောင်သောတွေးခေါ်မှုနှင့် မဟာဗျူဟာအစီအမံများ၏ အသွင်ကူးပြောင်းရေးစွမ်းအားအတွက် လက္ခဏာများပင်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် ထိုလမ်းကြောင်းအတိုင်း ဆက်လျှောက်လှမ်းပါက ပိုမိုတိုးတက်လာရန် အဆင်သင့်ဖြစ်နေပြီး ဒစ်ဂျစ်တယ်တော်လှန်ရေးတွင် ဦးဆောင်လမ်းပြကာ နည်းပညာအားဖြင့် စွမ်းဆောင်နိုင်သော အနာဂတ်ကို လျှောက်လှမ်းကြရန် အခြားနိုင်ငံများကို လှုံ့ဆော်ပေးပေလိမ့်မည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required