ABSDF တည်ထောင်ခြင်း ၃၅ နှစ်မြောက် အခမ်းအနားကျင်းပ (ရုပ်သံ)

By မောင်ခက်နွေ (မဇ္ဈိမ)
01 November 2023
ABSDF တည်ထောင်ခြင်း ၃၅ နှစ်မြောက် အခမ်းအနားကျင်းပ (ရုပ်သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း ၃၅ နှစ်မြောက် အခမ်းအနားနဲ့  ၁၂ ကြိမ်မြောက် ညီလာခံဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းမှာ အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် အပါအဝင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေ၊  ညီနောင်အဖွဲ့ အစည်းတွေ၊ နွေဦးတော်လှန်ရေးကာလ မျိုးဆက်သစ်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်း အကြောင်းအရာ အပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ ဝိုင်းတော်သား မောင်ခက်နွေက တင်ဆက်ထားပါတယ်။

တင်ဆက်/တည်းဖြတ် - မောင်ခက်နွေ
စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required