“တပ်ရင်းလိုက် လက်နက်ချလာပြီဆိုရင်တော့ စစ်ကောင်စီတပ် ပြိုပြီ” (ရုပ်သံ)

By ဂျူချန်း(မဇ္ဈိမ)
01 November 2023
“တပ်ရင်းလိုက် လက်နက်ချလာပြီဆိုရင်တော့ စစ်ကောင်စီတပ် ပြိုပြီ” (ရုပ်သံ)

တပ်ရင်းလိုက် အစုလိုက်အပြုံလိုက် လက်နက်ချအလင်းဝင်တာ၊ စခန်းလုံးကျွတ် ထွက်ပြေးတဲ့ ဖြစ်စဉ်မျိုးတွေဟာ စစ်ကောင်စီတပ် ပြိုကွဲနေတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒါ့အပြင် "စစ်ကောင်စီတပ်သားတွေ လက်နက်ချတာဟာ တော်လှန်ရေးအတွက် ကြီးမားတဲ့ အကျိုးအမြတ်တခုဖြစ်ပြီး နောက်ထပ် တပ်ရင်းလိုက် လက်နက်ချမှုတွေ ဖြစ်လာဦးမယ်" လို့ CDM ဗိုလ်ကြီး ထက်မြက် က မဇ္ဈိမကို ပြောပါတယ်။

လက်နက်ချအလင်းဝင်လာသူတွေကိုလည်း လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ အသက်အန္တရာယ်လုံခြုံရေးကို အာမခံပေးပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဘဲ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ဖို့အတွက် ခရီးစရိတ်တွေကိုပါ ကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ “စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းနှိုးဆော်ချက်” မှာ ဖော်ပြထားပါတယ်။

ရုပ်သံတင်ဆက်/တည်းဖြတ်- ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required