ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်ပဋိပက္ခများတားဆီးရန် ဘက်ပေါင်းစုံမှ ကြိုးပမ်း

ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်ပဋိပက္ခများတားဆီးရန် ဘက်ပေါင်းစုံမှ ကြိုးပမ်း

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းကင်းလှည့်မှု အပါအဝင် ဘက်ပေါင်းစုံ လှုပ်ရှားမှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် ယခုသီတင်းပတ်အတွင်း တရုတ်နှင့် အငြင်းအခုံဖြစ်ပွားပြီးနောက် နိုင်ငံအများအပြားက မိမိတို့၏တိုက်ပွဲတွင် ပါဝင်လာမည်ဟု မျှော်လင့်ကြောင်း အောက်တိုဘာ ၂၅ ရက်က ပြောကြားသည်။ 

ဖိလစ်ပိုင်နှင့် တရုတ်တို့သည် ယခုသီတင်းပတ်အစောပိုင်းတွင် အပြန်အလှန်စွပ်စွဲကာ တင်းမာမှုများ မြင့်တက်လာခဲ့ပြီး လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုကတည်းက ကျောက်ချထားသော သင်္ဘောဟောင်းပေါ်တွင် တပ်စွဲထားသည့် တပ်ဖွဲ့ဝင်ငယ်များအတွက် ထောက်ပို့လုပ်ဆောင်သည့် ရေယာဉ်များကို တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ကြောင်း ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်ရှိ အငြင်းပွားကျောက်တန်းအနီးတွင် ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်အပေါ် တရုတ်က အကြီးအကျယ် ရှုတ်ချခဲ့ပြီး တရုတ်၏တောင်းဆိုမှုသည် ဥပဒေအရအခြေအမြစ်မရှိဟု အပြည်ပြည်ဆိုင်ရာ ခုံသမာဓိအဖွဲ့မှ အမိန့်ချမှတ်ထားသော်လည်း တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးတွင် အချုပ်အခြာအာဏာရှိသည်ဟု တရုတ်က ပြောသည်။

တရုတ်နိုင်ငံနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကြောင့် မိမိတို့၏ တိုက်ပွဲတွင် နိုင်ငံများ ပိုမိုပါဝင်လာနိုင်ဖွယ်ရှိသည်ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီရိုဒိုရိုက အစိုးရပိုင် PTV ရုပ်သံအင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။ သို့သော် ထိုအဖြစ်အပျက်ကို ဖြစ်စေသည့် အကြောင်းအရာကိုမူ အသေးစိတ် မဖော်ပြခဲ့ပေ။

ဂျပန်နှင့်ဖိလစ်ပိုင်တို့အကြား အပြန်အလှန်အချက်အလက်မျှဝေရေးသဘောတူညီချက်မှာလည်း အလာအလာကောင်းကြောင်း တီရိုဒိုရိုက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် အမေရိကန်ကို အခြေစိုက်စခန်းများသို့ ဝင်ရောက်ခွင့်ပေးခြင်းအပါအဝင် ဆယ်စုနှစ်များစွာကြာ အမေရိကန်နှင့် ၎င်း၏စစ်ရေးမဟာမိတ်ကို အားကောင်းစေခဲ့ချိန်တွင် ပင်လယ်ပြင်၌  ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုများပြားလာကာ ယခုနှစ်တွင် တရုတ်နှင့်ဆက်ဆံရေး ဆိုးရွားလာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required