ရွှေတိဂုံနှင့် ဗိုလ်တထောင်ဘုရားရင်ပြင်တို့တွင် စစ်ဆင်ရေး ၁၀၂၇ အောင်မြင်ပါစေကြောင်း ဆုတောင်း

By (မဇ္ဈိမ)
29 October 2023
ရွှေတိဂုံနှင့် ဗိုလ်တထောင်ဘုရားရင်ပြင်တို့တွင် စစ်ဆင်ရေး ၁၀၂၇ အောင်မြင်ပါစေကြောင်း ဆုတောင်း

ယနေ့ အောက်တိုဘာလ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့ညတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား ရင်ပြင်နှင့် ဗိုလ်တထောင်ဘုရားရင်ပြင်တို့တွင် စစ်ဆင်ရေး ၁၀၂၇ နှင့် ကိုးကန့်တပ်များ၏ အိမ်ပြန်ခရီး အား အောင်မြင်ပါစေကြောင်း အောင်သပြေလှုပ်ရှားမှု ဖော်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

“ကိုးကန့်ညီအကိုတို့ရဲ့ အိမ်ပြန်ခရီးအောင်မြင်ပါစေ” ၊ “စစ်ဆင်ရေး ၁၀၂၇ အောင်မြင်ပါစေ”ဟူသော လူထု၏အသံအားထင်ဟပ်စေရန် ရန်ကုန်မြို့ပြလူထုတိုက်ပွဲများဖော်ဆောင်နေသော တော်လှန်ရေး အင်အား စု များ မှပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required