ဥရောပရှိ စာချုပ်လျော်ကြေးအများဆုံး ကစားသမားများမှာ ရီးယဲလ်အသင်းမှ ကစားသမားအများစုဖြစ်

ဥရောပရှိ စာချုပ်လျော်ကြေးအများဆုံး ကစားသမားများမှာ ရီးယဲလ်အသင်းမှ ကစားသမားအများစုဖြစ်
(ဓာတ်ပုံ - အီးပီအေ)

ဥရောပရှိ စာချုပ်လျော်ကြေးအများဆုံး ကစားသမားများမှာ ရီးယဲလ်အသင်းမှ စီရော်နယ်လ်ဒိုနှင့် ၎င်းရဲ့ အသင်းဖော် ဘန်ဇီမာတို့မှာ လျော်ကြေးအမြင့်ဆုံးဖြစ်နေပြီး ဘာစီလိုနာကြယ်ပွင့်ကစားသမား မက်ဆီမှာမူ အ့ံအားသင့်ဖွယ် နည်းပါးနေတယ်လို့ သိရှိရပါတယ်။

လာလီဂါရဲ့ ပြင်ပ ထိပ်တန်းကစားသမားများအကြားမှာ သိပ်မတွေ့ရပေမယ့် စာချုပ်လျော်ကြေးဟာ စပိန်နိုင်ငံမှာ ဥပဒေအရ ကစားသမားများအတွက် လိုအပ်ပါတယ်။ ဒါ့ကြောင့်ပဲ သြဂုတ်လ ၃ ရက်နေ့က ပီအက်စ်ဂျီအသင်းက နေမာကို စာချုပ်ပါလျော်ကြေး ပေါင် ၁၉၈ သန်းကို ပေးချေပြီး ခေါ်ယူခဲ့တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ တားဆီနိုင်တဲ့ အခွင့်အာဏာ မရှိခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်အသင်းမှ စီရော်နယ်လ်ဒိုနှင့် ဘန်ဇီမာတို့ဟာ စာချုပ်လျော်ကြေး ပေါင် ၈၉၄သန်း (ယူ ၁ ဘီလီယံ) အထိရှိနေပြီး အသင်းရဲ့ နောက်ထပ် လျော်ကြေးအများဆုံး ကစားသမား ၃ဦးမှာ ဂါရတ်ဘေး၊ မိုဒရစ်နှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဖြစ်ကာ စာချုပ်လျော်ကြေးမှာ ပေါင် (၄၄၇)သန်းအထိ အသီးသီးရှိပါတယ်။

ဘာစီလိုနာအသင်း ထိပ်တန်းကစားသမားများရဲ့ စာချုပ်လျော်ကြေးဟာ ရီးယဲလ်အသင်းရဲ့ ကစားသမားများထက် အတော်လေးနည်းပါးနေတာကို တွေ့ရပြီး မက်ဆီမှာ ပေါင် ၂၆၈ သန်း (ယူရိုသန်း ၃၀၀) သာ ရှိပါတယ်။ နေမာကို ဆုံးရှုံးလိုက်ရသလိုပဲ ဘာစီလိုနာအနေနဲ့ ၎င်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို ဆုံးရှုံးရမှာကို စိုးရိမ်နေဖွယ် ရှိနေပါတယ်။

လျော်ကြေး ပေါင် ၁၇၉ သန်းရှိတဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ဟာ အက်သလက်တီကိုမှ လျော်ကြေးပေါင် ၁၈၁သန်းရှိ ဂရစ်ဇ်မန်းထက် နည်းပါးကြောင်း တွေ့ရပါတယ်။

ဥရောပရဲ့ စာချုပ်လျော်ကြေး အများဆုံးကစားသမားများ

အမည်    အသင်း လျော်ကြေး (ပေါင်)
ရော်နယ်လ်ဒို ရီးယဲလ် ၈၉၄ သန်း
ဘန်ဇီမာ ရီးယဲလ် ၈၉၄ သန်း
ဘေးလ် ရီးယဲလ် ၄၄၇ သန်း
မိုဒရစ် ရီးယဲလ် ၄၄၇ သန်း
ဂျိမ်းစ်ရိုဒရီဂွက်ဇ် ရီးယဲလ် ၄၄၇ သန်း
မက်ဆီ ဘာစီလိုနာ ၂၆၈ သန်း
ကရူးစ် ရီးယဲလ် ၂၆၈ သန်း
ဂရစ်ဇ်မန်း အက်သလက်တီကို ၁၈၁ သန်း
ရာမို့စ် ရီးယဲလ် ၁၈၁ သန်း
ကက်စ်မဲရိုး ရီးယဲလ် ၁၈၁ သန်း
အင်နီယေစတာ ဘာစီလိုနာ ၁၈၁ သန်း
ပီကေး ဘာစီလိုနာ ၁၈၁ သန်း
ဘူးစကွက်စ် ဘာစီလိုနာ ၁၈၁ သန်း
ဆွာရက်ဇ် ဘာစီလိုနာ ၁၇၉ သန်း

Ref; Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required