ကြံခင်းမြို့နယ်တွင် "တလှိုင်းပြီး တလှိုင်းလာမယ်" စာတန်းကိုင်စွဲဆန္ဒပြ

By မင်းထက်(မဇ္စျိမ)
18 November 2023
ကြံခင်းမြို့နယ်တွင် "တလှိုင်းပြီး တလှိုင်းလာမယ်" စာတန်းကိုင်စွဲဆန္ဒပြ

ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

"တလှိုင်းပြီး တလှိုင်းလာမယ်"စာသားပါ ဘန်နာအား သပိတ်ကော်မတီဝင်များက ကိုင်စွဲကာ ပုသိမ်-မုံရွာကားလမ်းဘေး တနေရာတွင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်ကပြောသည်။

သပိတ်ကော်မတီဝင်များကိုင်စွဲဆန္ဒထုတ်ဖော်ခဲ့သည့် ဘန်နာအား ယမန်နေ့ညပိုင်းက ကားလမ်းဘေးတနေရာတွင်ချိတ် ဆွဲခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက အ ဆိုပါ ဘန်နာအား သေနတ်များပစ်ဖောက်ကာ လာရောက်ဖြုတ်သိမ်းခဲ့သည်ဟု ဒေသခံများကပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်အဖွဲ့၏ ၁၄၀ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required