စစ်ကောင်စီက လွိုင်ကော်မြို့တွင်း ပိတ်မိနေသော ပြည်သူများကို ထွက်ခွာခွင့်‌ပေးရန်လိုအပ်‌

စစ်ကောင်စီက လွိုင်ကော်မြို့တွင်း ပိတ်မိနေသော ပြည်သူများကို ထွက်ခွာခွင့်‌ပေးရန်လိုအပ်‌

တိုက်ပွဲများ ပြင်းထန်‌နေသည့် ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်း ပိတ်မိနေသည့် ပြည်သူများကို စစ်ကောင်စီက ထွက်ခွာခွင့်ပေးရန် လိုအပ်သည်ဟု NUG နှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ‌ကောင်စီ(IEC)က ပူးတွဲ ထုတ်ပြန်လိုက်သည်။

" အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် လွိုင်ကော်မြို့ တွင်း ပိတ်မိနေသော ပြည်သူများကို ဘေးလွတ်ရာသို့  ထွက်ခွာခွင့် ပေးရန်လိုအပ်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက လွိုင်ကော်မြို့အခြေစိုက် UN နှင့်INGOs ၏ ဝန်ထမ်းများနှင့် မိသားစုဝင်ပေါင်း ၂၂၈ ဦးအား  ရွှေ့ပြောင်းနိုင် ရန် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး တပ်ပေါင်းစုံမှ စစ်ဆင်ရေးမှူးများ၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)နှင့် NUG တို့အကြား ညှိနှိုင်း၍ ပစ်ခတ်တိုက်ခိုက်မှုကို လျော့ချကာ စီစဉ်ပေးခဲ့ရာ လွိုင်ကော်မြို့မှ ထွက်ခွာ၍ တောင်ကြီးမြို့သို့ ရွှေ့ပြောင်းနိုင်ခဲ့သည်ဟု ပူးတွဲထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များအား ရွှေ့‌ပြောင်းနိုင် ခဲ့သော်လည်း လွိုင်ကော်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေဆဲဖြစ်‌‌ကြောင်း၊ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရသည့် ပြည်သူဦးရေ ၃၅,၀၀၀ ကျော်အတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာများလည်း အရေးပေါ်လိုအပ်နေ‌ကြောင်း ပူးတွဲ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။အရေးပေါ်လိုအပ်ချက်အတွက် UN အပါအဝင် INGO များအနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ် များကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၁၁၁၁ စစ်ဆင်ရေးအား နို၀င်ဘာ ၁၁ ရက်တွင် ကရင်နီပြည်နယ်၌ စတင်ခဲ့ပြီးနောက် လွိုင်ကော်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly