ဒီပဲယင်း- ရေဦးအစပ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင် (ရုပ်/သံ)

ဒီပဲယင်း- ရေဦးအစပ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်း- ရေဦးကာလမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့က ရုတ်တရက်စစ်ကြောင်းထိုးပြီး အခိုင်အမာ တပ်စွဲလိုက်တာကြောင့် အနီးအနားကျေးရွာက ဒေသခံ တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဒီပဲယင်း- ရေဦးအစပ်က မုတ်ဆီရွာ နဲ့ မူးဆုံ ရွာတွေမှာ ကတုတ်ကျင်း၊ ဘန်ကာတွေဆောက်လုပ်ကာ အခိုင်အမာတပ်စွဲလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိဝင်ဘာလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ က အခိုင်အမာတပ်စွဲ ထားဆဲဖြစ်ပါတယ်။

ဒါကြောင့် စစ်ရှောင်ရတဲ့ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေ ရှိလာသလို မိုးရွာသွန်းမှုကြောင့်လည်း ကျန်းမားရေးပြဿနာတွေ ဖြစ်လာတယ်လို့ စစ်ရှောင်နေရတဲ့ ဒေသခံတဦးက မဇ္ဈိမကို ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly