စာချုပ်အငြင်းပွားမှုနဲ့ ပတ်သက်လို့ ကိုင်လီယန် အမ်ဘာပေ ပရိသတ်တွေရဲ့ ရန်လိုတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရနိုင်တယ်လို့ ပီအက်စ်ဂျီ ယုံကြည်

စာချုပ်အငြင်းပွားမှုနဲ့ ပတ်သက်လို့ ကိုင်လီယန် အမ်ဘာပေ ပရိသတ်တွေရဲ့ ရန်လိုတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရနိုင်တယ်လို့ ပီအက်စ်ဂျီ ယုံကြည်
Photo: EPA

ကိုင်လီယန် အမ်ဘာပေဟာ သူ့ရဲ့ စာချုပ်အငြင်းပွားမှုကို ဖြေရှင်းမပေးပါက သူဟာ လာမယ့်ရာသီမှာ ကလပ်အသင်းပရိသတ်တွေရဲ့ ရန်လိုတဲ့ လုပ်ဆောင်မှုကို ရင်ဆိုင်ရနိုင်တယ်လို့ ပဲရစ်စိန့်ဂျာမိန်းက ယုံကြည်နေပါတယ်။

ပြင်သစ်တိုက်စစ်မှူးက ပီအက်စ်ဂျီအတွက် ကစားပေးနေတာဟာ အကူအညီသိပ်မဖြစ်ဘူးလို့ ကျနော် ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအသင်းက "သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ အသင်း၊ သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ ကလပ်ဖြစ်လို့ပါပဲ"လို့ သီတင်းပတ်ကုန်က L'Equipe နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိနေတဲ့ အမ်ဘာပေက သူဟာ စာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ကြောင်း ပီအက်စ်ဂျီအသင်းကို ပြောဆိုခဲ့ပါတယ်။

သူဟာ ဒီနွေရာသီမှာ ထွက်ခွာမှာမဟုတ်ကြောင်းနဲ့ သူ့ရဲ့ လက်ရှိစာချုပ်ဟာ လာမည့်နှစ်မှာ သက်တမ်းကုန်ဆုံးတဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

လီယွန်နယ် မက်ဆီ ထွက်ခွာတော့မယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိရပြီး ကလပ်က သူ့အိမ်နဲ့ နေမာကိုပါ လုံခြုံရေး တိုးမြှင့်ထားပြီးနောက် ပီအက်စ်ဂျီမှာ မက်ဆီရဲ့ နောက်ဆုံးရက်တွေက ပရိသတ်တွေရဲ့ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ နာဆာ အယ်လ်ခါလိုင်ဖီက ပြီးခဲ့တဲ့အပတ်က ပြောကြားရာမှာ "ကိုင်လီယန် အမ်ဘာပေအနေနဲ့ ဆက်နေချင်တယ်ဆိုရင် ကျနော်တို့ သူ့ကို ဆက်ရှိနေစေချင်တယ်၊ သူ စာချုပ်သစ် ချုပ်ဆိုဖို့ လိုအပ်ပါတယ်။ 

"ကမ္ဘာ့အကောင်းဆုံးကစားသမားကို အခုအချိန်မှာ အလွတ်နဲ့ ထွက်ခွာခွင့် မပြုနိုင်ပါဘူး။ အဲဒါက ဖြစ်မလာနိုင်ပါဘူး။"

အားကစားဒါရိုက်တာဟောင်း လီယိုနာဒိုက ပီအက်စ်ဂျီရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ အမ်ဘာပေဟာ အခုအချိန်မှာ ထွက်ခွာဖို့အချိန်ရောက်ပြီလို့ ပြောပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly