Golden Boy ဆုအတွက် ဆန်ကာတင်စာရင်းမှာ ဂျုဒ် ဘယ်လင်ဟမ်နဲ့အတူ မန်ယူနှင့် ချယ်လ်ဆီးအသင်းမှ လူငယ်များ ပါဝင်

By Mirror
13 October 2023
Golden Boy ဆုအတွက် ဆန်ကာတင်စာရင်းမှာ ဂျုဒ် ဘယ်လင်ဟမ်နဲ့အတူ မန်ယူနှင့် ချယ်လ်ဆီးအသင်းမှ လူငယ်များ ပါဝင်

ရီးယဲလ်မက်ဒရစ် ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်၊ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရာ့စ်မတ်စ် ဟော့ချ်လန်နဲ့ ချယ်လ်ဆီး နောက်ခံလူ လီဗီ ကိုလ်ဝီလ်တို့ဟာ ၂၀၂၃ Golden Boy ဆုအတွက် နောက်ဆုံး ဆန်ခါတင် ၂၅ ဦး စာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။

ဒီဆုကို ပြီးခဲ့တဲ့ ၁၂ လအတွင်း ဥရောပရှိ အသက် ၂၁ နှစ်အောက် အကောင်းဆုံးကစားသမားကို ပေးအပ်ချီးမြှှင့်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဒီဆုကို ဘာစီလိုနာကြယ်ပွင့် ဂါဗီက ရရှိခဲ့ပါတယ်။ ဒီနွေရာသီမှာ ကစားသမား အယောက် ၁၀၀ ကို ဆန်ခါတင်စာရင်းသွင်းခဲ့ပြီး ယခု ဒီဇင်ဘာလမှာ အခမ်းအနားမစတင်ခင် ၂၅ ဦးအထိ ဆန်ခါချခဲ့တာဖြစ်ပါတယ်။

ဒီဆုကို အီတလီသတင်းစာ Tuttosport မှ ၂၀၀၃ မှာ စတင်တည်ထောင်ခဲ့ပြီး ယခင်ဆုရရှိသူတွေထဲမှာ အာလင်း ဟာလန်း၊ ကိုင်လီယန် အမ်ဘာပေ၊ လီယွန်နယ် မက်ဆီနဲ့ ဝိန်းရွန်နီတို့ ပါဝင်ခဲ့ပါတယ်။ ဘယ်လင်ဟမ်၊ ဟော့ချ်လန်နဲ့ ကိုလ်ဝီလ်တို့ဟာ Golden Boy Index မှ ဆုံးဖြတ်တဲ့ နောက်ဆုံးဆန်ခါတင် ၂၀ ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

ဂါဗီဟာ ဒေတာနဲ့ ခွဲခြမ်းစိတ်ဖြာမှု ပလပ်ဖောင်း Football Benchmark မှ အကဲဖြတ်တဲ့ အညွှန်းကိန်းဖြင့် စတုတ္ထအဆင့်မှာ ရှိနေပေမယ့် ပြီးခဲ့တဲ့နှစ်များအရ သူ့ကို ယခုဆန်ကာတင်စာရင်းမှာ ထည့်သွင်းမပြုတော့ဖြစ်ပါတယ်။ Tuttosport ဂျာနယ်လစ်တွေမှ အမည်စာရင်းတင်သွင်းထားတဲ့ မျက်နှာသစ်ကစားသမား wildcard ၅ ဦးလည်း ပါရှိပါတယ်။

ရီးယဲလ်မက်ဒရစ်မှ အာဒါဂူလာ၊ ဂျန့်မှ ဘီလာ အယ်လ်ခါနူးစ်၊ ဒိုင်နမို ဇာဂရက်မှ မာတင် ဘာတူရီနာ၊ ဘင်ဖီကာမှ ဂျော်အို နေးဗက်စ်နဲ့ ဘာစီလိုနာမှ လမိုင်း ယာမယ်လ်တို့ဟာ ယခုနှစ်ရဲ့ wildcard စာရင်းမှာပါဝင်ခဲ့တာပါ။

ဟော့ချ်လန်၊ ကိုလ်ဝီလ်တို့နဲ့အတူ ဘရိုက်တန်တိုက်စစ်မှူး အီဗန်ဖာဂူဆန်၊ နွေရာသီအပြောင်းအရွှေ့ကာလက AZ Alkmaar မှ ပြောင်းရွှေ့လာခဲ့တဲ့ ဘုန်းမောက်နောက်ခံလူ မီလော့စ်ကေ့ဇ်တို့ဟာ ကစားသမား ၂၅ ဦးအနက် ပရီးမီးယားလိဂ်မှ ၎င်းတို့ ၄ ဦး ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

လာလီဂါနဲ့ ဘွန်ဒက်လီဂါတို့ဟာ ဆန်ခါတင် ၅ ဦးဖြင့် အများဆုံးဖြစ်ပြီး ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ဘင်ဖီကာတို့က နောက်ဆုံးဆန်ခါတင် တစ်ဦးစီထက် ပိုများနေပါတယ်။ ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက်မှာ တူရင်မှာ ကျင်းပမှာဖြစ်ပြီး ဆုရရှိသူကို နိုဝင်ဘာလမှာ ကြေညာမှာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ဇွန်လမှာ ရီးယဲလ်မက်ဒရစ်သို့ မပြောင်းရွှေ့ခင် ဒေါ့မွန်အသင်းမှာ ထူးချွန်တောက်ပခဲ့သူဖြစ်ပြီး ယခုနှစ်ဆုအတွက် ရေပန်းအစားဆုံးကစားသမားဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ ဘာနေဗျူးမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေ အချိန်နဲ့အမျှ ပိုကောင်းလာခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly