ကိုင်လီယန် အမ်ဘာပေ - ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပီအက်စ်ဂျီတိုက်စစ်မှူးအတွက် နွေရာသီအပြောင်းအရွှေ့ကို ၁၀၀ ရာခိုင်နှုန်း ပယ်ချ

ကိုင်လီယန် အမ်ဘာပေ - ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပီအက်စ်ဂျီတိုက်စစ်မှူးအတွက် နွေရာသီအပြောင်းအရွှေ့ကို ၁၀၀ ရာခိုင်နှုန်း ပယ်ချ
Photo: EPA

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီဟာ ဒီနွေရာသီမှာ ပဲရစ်စိန့်ဂျာမိန်းမှ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုထားပြီး လာလီဂါအသင်းဆီး ပြောင်းရွှေ့နိုင်မယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေခဲ့တာပါ။

ပီအက်စ်ဂျီတို့ဟာ လာမယ့်နှစ်မှာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ သူ့ကို အလွတ်နဲ့ လက်လွတ်ဆုံးရှုံးရမယ့် အန္တရာယ်ထက် ပြင်သစ်အသင်းခေါင်းဆောင်ကို ရောင်းချဖို့ လမ်းဖွင့်ထားခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ မေးမြန်းရာမှာ အန်ဆယ်လော့တီက "No၊ ကျနော် အဲဒါကို ၁၀၀ ရာခိုင်နှုန်း ပယ်ချပါတယ်"လို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ လူစာရင်းက ပိတ်သိမ်းသွားပြီလို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ရဲ့ကစားသမားတွေက ကျနော်တို့ရဲ့ရာသီအတွက် စဉ်းစားနေပါတယ်။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အမ်ဘာပေဟာ လော်ရီယန့်နဲ့ ကစားခဲ့တဲ့ ကလပ်ရဲ့ ရာသီအဖွင့်ပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ အပတ်က ပီအက်စ်ဂျီနဲ့ တူးလူးတို့ ၁-၁ သရေကျခဲ့တဲ့ ပွဲမှာ လူစားလဲဝင်ရောက်လာပြီးနောက် ပင်နယ်တီတစ်လုံးသွင်းယူခဲ့ပါတယ်။

အယ်-ဟီလာအသင်းဟာ အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းခဲ့ရပြီးနောက် ဇူလိုင်လမှာ ပီအက်စ်ဂျီက ဆော်ဒီအာရေးဗီးယားကလပ်ကို ကစားသမားနဲ့ ဆွေးနွေးပြောဆိုခွင့်ပေးခဲ့ပါတယ်။

ပီအက်စ်ဂျီဥက္ကဌ နာဆာ အယ်လ်ခါလိုင်ဖီကတော့ ဘာမှ မရဘဲ တိုက်စစ်မှူးကို ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပြီး အမ်ဘာပေကို မူလမျှော်မှန်းထားတဲ့အတိုင်း သူ့ရဲ့လက်ရှိစာချုပ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖွယ်ရှိတယ်လို့ ယူဆနေပါတယ်။

ဒီစာချုပ်က၂၀၂၅ အထိ ရှိမှာဖြစ်ပြီး ပီအက်စ်ဂျီက အမ်ဘာပေကို လာမယ့် နွေရာသီမှသာ ရီးယဲလ်ထံ ရောင်းချခွင့်ပြုမှာဖြစ်ပါတယ်။

အမ်ဘာပေဟာ ၂၀၁၇ မှာ မိုနာကိုကနေ ပီအက်စ်ဂျီကို ယူရိုသန်း ၁၈၀ (ပေါင် ၁၆၅.၇ သန်း)နဲ့ မပြောင်းရွှေ့ခင် ကနဦးမှာ အငှားနဲ့ သွားရောက်ခဲ့ပြီး သူဟာ ၂၆၁ ပွဲမှာ ကလပ်စံချိန်တင် ၂၁၃ ဂိုးသွင်းယူထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly