ပရီးမီးယားလိဂ် အကြီးအကဲ ရစ်ချတ် မာစတာစ်က ဆော်ဒီအာရေးဗီးယားရဲ့ သြဇာလွှမ်းမိုးမှုအပေါ် 'အလွန်အမင်း စိုးရိမ်ပူပန်မှု မရှိ'

ပရီးမီးယားလိဂ် အကြီးအကဲ ရစ်ချတ် မာစတာစ်က ဆော်ဒီအာရေးဗီးယားရဲ့ သြဇာလွှမ်းမိုးမှုအပေါ် 'အလွန်အမင်း စိုးရိမ်ပူပန်မှု မရှိ'

ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ် မာစတာစ်က ဆော်ဒီအာရေးဗီးယားရဲ့ ဘောလုံးလောကမှာလွှမ်းမိုးမှု ကြီးထွားလာတာနဲ့ ပတ်သက်ပြီး သူဟာ “အခုချိန်မှာ အလွန်အမင်း စိုးရိမ်နေမှာမဟုတ်ဘူး”လို့ ပြောပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဇန်နဝါရီလက ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့ပြီး ဒီနွေရာသီမှာ နာမည်ကြီးကစားသမားများစွာက သူ့နောက်ကို လိုက်လာခဲ့ကြပါတယ်။

အယ်လ်-ဟီလာလ်ဟာ ပဲရစ်စိန့်ဂျာမိန်းနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းဖြင့် ကမ်းလှမ်းမှုလည်း ပြုလုပ်လိုက်ပါတယ်။

"အသစ်တစ်ခုခု ဖြစ်နေပြီဆိုတာ သိသာထင်ရှားပါတယ်"လို့ မာစတာစ်က BBC Sport ရဲ့ အဲလက်စ် ဟိုဝဲလ်ကို ပြောကြားခဲ့ပါတယ်။

"ဆော်ဒီပရိုလိဂ်က သူတို့ဟာ ၂၀၃၀ မှာ ထိပ်တန်းလိဂ် ၁၀ ဖြစ်ချင်တယ်လို့ ပြောထားပါတယ်။

“သူတို့ဟာ လိဂ်နဲ့ ကလပ်တွေရဲ့ ပရိုဖိုင်ကိုမြှင့်တင်ဖို့ ကြိုးစားတဲ့အနေနဲ့ ကစားသမားတွေနဲ့ မန်နေဂျာတွေမှာ ရင်းနှီးမြုပ်နှံနေပါတယ်။

“ကျနော်တို့မှာ ရှိတဲ့ ပရိုဖိုင်၊ ပြိုင်ဆိုင်နိုင်စွမ်းနဲ့ ဝင်ငွေစီးကြောင်းတွေအရ ဒီနေရာကို ရောက်ဖို့ ကျနော်တို့ နှစ် ၃၀ လောက် အချိန်ယူခဲ့ရပါတယ်။

“လောလောဆယ်တော့ ကျနော် သိပ်စိတ်မပူပါဘူး၊ ဒါပေမယ့် ဆော်ဒီအာရေးဗီးယားကလပ်တွေက တခြားလိဂ်တွေလိုပဲ ကစားသမားတွေကို ဝယ်ယူပိုင်ခွင့် အများကြီးရှိပါတယ်။

“နောက်ဆုံးတော့ ပရီးမီးယားလိဂ်ဟာ ဝင်ငွေအရ တစ်နှစ်ကို ပေါင် ၆ ဘီလီယံ လည်ပတ်နေပြီး အဲဒီငွေတွေကို ကွင်းထဲကို ပြန်ပြီး မြှုပ်နှံအသုံးပြုထားပါတယ်။

"ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတိုင်းက သူတို့ကို ပံ့ပိုးဖို့ ဝင်ငွေလမ်းကြောင်းတွေ ရှိရမယ်။"

ဘလွန်းဒီအော်ဆုရှင် ကာရင် ဘန်ဇီမာဟာ ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့ပြီး အယ်လ်-အီတီဟဒ်အသင်းနဲ့ ပူးပေါင်းခဲ့ပြီး ဒီအသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူဟောင်း အန်ဂိုလို ကန်တေနဲ့ ဆဲလ်တစ်မှ ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာတို့ကိုလည်း ခေါ်ယူထားပါတယ်။

သူတို့ဟာ လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ဟိုအတွက် ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှုတစ်ရပ်ကိုလည်း ပြုလုပ်ထားပါတယ်။

လီဗာပူးလ်နဲ့ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုကို အယ်လ်-အာလီကို ပြောင်းရွှေ့ခဲ့ပြီး သူတို့ဟာ ချယ်လ်ဆီးအသင်းမှ ဆီနီဂေါဂိုးသမား အက်ဒ်ဒွပ် မန်ဒီကိုလည်း ခေါ်ယူခဲ့ပြီး မန်ချက်စတာစီးတီးတောင်ပံကစားသမား ရီယာ့ဒ်မာရက်ဇ်အတွက် ပေါင်သန်း ၃၀ ဖြင့် သဘောတူညီမှု ရရှိပါတယ်။

ရိန်းဂျားနဲ့ အက်စတွန်ဗီလာနည်းပြဟောင်း စတီဗင်ဂျရတ်ကို မန်နေဂျာအဖြစ် တာဝန်ပေးခဲ့တဲ့ အယ်လ်-အီတီဖတ်အသင်းဟာ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ပေါင် ၁၂ သန်းအပြင် add-ons ကြေးဖြင့် ခေါ်ယူဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly