ကလပ်အသင်းတွေ ကစားသမားအပြောင်းအရွှေ့တွေမှာ ပေါင် ၆.၅၁ ဘီလီယံ မြင့်မားလာတာကြောင့် နိုင်ငံတကာအသုံးစရိတ် စံချိန်ချိုးခဲ့

ကလပ်အသင်းတွေ ကစားသမားအပြောင်းအရွှေ့တွေမှာ ပေါင် ၆.၅၁ ဘီလီယံ မြင့်မားလာတာကြောင့် နိုင်ငံတကာအသုံးစရိတ် စံချိန်ချိုးခဲ့

အပြောင်းအရွှေ့ဈေးကွက်တစ်ခုတည်းမှာ ကစားသမားခေါ်ယူမှု အသုံးစရိတ်အတွက် ကမ္ဘာ့စံချိန်ကို ဒီနွေရာသီမှာ ချိုးဖျက်လိုက်ပြီဖြစ်ပါတယ်။

ကလပ်အသင်းတွေ စုပေါင်း ပေါင် ၆.၅၁ ဘီလီယံသုံးစွဲခဲ့တဲ့ အရင်က စံချိန်ဟာ ၂၀၁၉ ကလို့ သတ်မှတ်ထားပေမယ့်လည်း အခုနွေရာသီမှာကမ္ဘာတစ်ဝှမ်း ပေါင် ၆.၅၆ ဘီလီယံသုံးစွဲထားခဲ့တယ်လို့ Transfermarkt အရ သိရပါတယ်။

ပရီးမီးယားလိဂ် ကုန်ကျစရိတ်ဟာ ပေါင် ၂.၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ဒါက လက်ရှိအချိန်အထိ အသုံးစရိတ်အများဆုံးလိဂ်ဖြစ်စေပါတယ်။

အပြောင်းအရွှေ့ဈေးကွက် ဖွင့်ထားဆဲဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းတွေဟာ စက်တင်ဘာလ ၁ ရက်နေ့  ဗြိတိန်စံတော်ချိန် ၂၃း၀၀ နာရီအထိ ခေါ်ယူမှုပြုလုပ်နိုင်ပါတယ်။

ဆော်ဒီအာရေးဗီးယားရဲ့ စုစုပေါင်းအသုံးစရိတ်ဟာ လက်ရှိမှာ ပေါင် ၇၂၈ သန်းရှိပြီး ဆော်ဒီပရိုလိဂ်ဟာ ဒီနွေရာသီစာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေပြီး အီတလီစီးရီးအေကလပ်အသင်းတွေကတော့ ပေါင် ၆၈၂ သန်းနဲ့ တတိယနေရမှာ ရှိပါတယ်။

ဂျာမန်ဘွန်ဒက်လီဂါကလပ်တွေက အခုအချိန်အထိ ပေါင် ၅၉၈ သန်း၊ ပြင်သစ်လီဂူးဝမ်းက ပေါင် ၅၉၄ သန်း၊ စပိန်လာလီဂါက ပေါင် ၃၄၂ သန်း အသီးသီး သုံးစွဲထားပါတယ်။

ဆော်ဒီအာရေးဗီးယားရဲ့ ချမ်းသာကြွယ်ဝတဲ့ Public Investment Fund ဟာ နိုင်ငံရဲ့ ထိပ်တန်းအသင်းလေးသင်းဖြစ်တဲ့ အယ်လ်-တီဟတ်၊ အယ်လ်-နာဆာ၊ အယ်လ်-ဟီလာနဲ့ အယ်လ်-အဟ်လီတို့ကို အခုနှစ်အစောပိုင်းမှာ လွှဲပြောင်းရယူခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံရဲ့ အခြားထိပ်တန်းထိပ်တန်းအသင်းတွေနဲ့လည်း ပြောင်းရွှေ့မှုကြီးတွေမှာ ပါဝင်မှုပြုလုပ်ခဲ့ပါတယ်။

နေမာ၊ အယ်လန် စိန့်-မက်ဆီမန်နဲ့ ဂျော်ဒန် ဟန်ဒါဆင်တို့ဟာ အကျိုးအမြတ်များတဲ့ စာချုပ်တွေနဲ့ ဆော်ဒီအာရေဗျဆီ ပြောင်းရွှေ့သွားတဲ့ ကစားသမားတွေထဲမှာ ပါဝင်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းရဲ့ အီကွေဒေါကွင်းလယ်လူ မောဆတ် ကိုင်စီဒိုကို ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့အပြီးမှာ ဗြိတိန်အပြောင်းအရွှေ့စံချိန်ကို သြဂုတ်လအစောပိုင်းမှာ ချိုးဖျက်ခဲ့ပြီးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly