ခေတ်ပေါ်ကဗျာဆရာအောင်ခိုင်မြတ်နာရေးမြင်ကွင်း

By မိုးသောက် (မဇ္ဈိမ)
24 October 2023
ခေတ်ပေါ်ကဗျာဆရာအောင်ခိုင်မြတ်နာရေးမြင်ကွင်း
ပုံအညွှန်း- ခေတ်ပေါ် ကဗျာဆရာ အောင်ခိုင်မြတ်၏ နာရေး မြင်ကွင်း (ဓာတ်ပုံ -CJ)

ကဗျာဆရာအောင်ခိုင်မြတ်(ခ)ကိုစည်သူခိုင်၏နာရေးကို တောင်ငူမြို့တွင်ရှိသည့် ၎င်း၏နေအိမ်၌ အောက်တိုဘာလ ၂၄ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

နာရေးကို ကဗျာဆရာအသိုင်းအဝိုင်းနှင့်စာပေမိတ်ဆွေများ လိုက်လံပို့ဆောင်ပေးခဲ့ကြပြီး နေ့လယ် ၁ နာရီတွင် မီးသင်္ဂြုဟ်ခဲ့ကြသည်ဟုသိရသည်။ကဗျာဆရာအောင်ခိုင်မြတ်သည် မြန်မာ့ခေတ်ပေါ်ကဗျာလောက၏ထင်ရှားသည့် ကဗျာဆရာတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၉နှစ်ရှိပြီဖြစ်သည်။

အောက်တိုဘာလ ၂၂ရက်နေ့ နံနက် ၂နာရီခန့်တွင် ၉၆ ပါး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရခြင်းဖြစ်သည်။ ၁၉၇၆ တွင်‌ေမွးဖွားခဲ့သူဖြစ်ပြီး   ငယ်စဉ်က အထက ( ၂ ) ကျောင်းတက်စဉ် ကတည်းက ကဗျာ စတင်ရေးသားခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ၁၉၉၀ ပြည့်နှစ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် ကဗျာစတင်ပုံနှိပ်ခံခဲ့ရသူတစ်ဦးဖြစ်သည်။

ကဗျာဆရာစံညိမ်းဦး၊ ကဗျာဆရာ ခင်ဇော်မြင့်၊ ကဗျာဆရာဝိုင်ချို၊ ကဗျာဆရာသားဦး၊ ကဗျာဆရာတိုးနှောင်မိုး၊ ကဗျာဆရာလူဇော်သစ်တို့သည် ဆရာအောင်ခိုင်မြတ်နှင့်ခေတ်ပြိုင်ကဗျာဆရာများဖြစ်ကြသည်။

ကဗျာဆရာအောင်ခိုင်မြတ်၏ တည်ငြိမ်ရတဲ့အရသာ၊ ကဗျာဆရာ၊ ပျော်ပျော်နေကြေကွဲ၊ ကိုယ်မှမ လွမ်းရင် ဘယ်သူက လွမ်းပေးမှာလဲ၊ နောက်ဆုံးပေါ် မနက်ခင်း၊ ပြည်လမ်းညနေ၊ ညီမလေးမြို့ပြ၊ လူငယ်လေးတဦး ၊အေးတဲ့မီး၊ လပြည့်ဝန်း၊ အိမ်ကွင်း၊ ကဖေးဆိုင်၊ တောင်ငူကဗျာတို့သည် ထင်ရှားသည့်ကဗျာများဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly