လွတ်လပ်ရေးနေ့မှာ ပရီးမီးယားလိဂ်ကလပ်ကလပ်တွေ ယူကရိန်းကို ထောက်ခံကြောင်း ပြသ

လွတ်လပ်ရေးနေ့မှာ ပရီးမီးယားလိဂ်ကလပ်ကလပ်တွေ ယူကရိန်းကို ထောက်ခံကြောင်း ပြသ
Photo: EPL

ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့ဟာ ဆိုဗီယက်ယူနီယံကနေ လွတ်လပ်ရေးကြေညာခဲ့တာ ၃၂ နှစ်ပြည့်တဲ့ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းများနဲ့အခြားနည်းလမ်းများဖြင့် ရုရှားရဲ့ လုပ်ရပ်တွေကြောင့် ခံစားနေရတဲ့ ယူကရိန်းပြည်သူတွေအား ၎င်းတို့ရဲ့ ထောက်ခံမှုကို ဆက်လက်ပြသနေပါတယ်။

"ဒီနေ့ဟာ ယူကရိန်းရဲ့ လွတ်လပ်ရေးနေ့ဖြစ်တယ်။ ယူကရိန်းဘက်မှ ဆက်လက်ရပ်တည်ထောက်ခ့သွားမှာဖြစ်တယ်"လို့ ပရီးမီးယားလိဂ်ကလပ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

"ပရီးမီးယားလိဂ်နဲ့ ကျနော်တို့ရဲ့ ကလပ်အသင်းတွေဟာ ယူကရိန်းလွတ်လပ်ရေးနေ့ကို ဂုဏ်ယူစွာ ထောက်ခံပါတယ်။"လို့ လိဂ်အဖွဲ့ချုပ်ကလည်း ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်အသင်းကလည်း "ဒီနေ့ဟာ ယူကရိန်းလွတ်လပ်ရေးနေ့ဖြစ်ပြီး ယူကရိန်းပြည်သူတွေနဲ့အတူ ကျနော်တို့ရဲ့ ဆက်လက်စည်းလုံးညီညွတ်မှုကို ပြသဖို့အတွက် အန်ဖီးလ်ဟာ ဒီကနေ့ညမှာ နိုင်ငံရဲ့အရောင်တွေနဲ့ ထွန်းညှိသွားမှာဖြစ်တယ်။ ပရိသတ်တွေအနေနဲ့လည်း ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပေးမှုအတွက် လှူဒါန်းနိုင်တယ်"လို့ ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly