နောက်ဆုံး ရှုံးပွဲကြုံတွေ့အပြီးမှာ ဒေါသထွက်နေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေဘက်က ကာကွယ်ပြောဆိုတဲ့ လမ်းပတ်

နောက်ဆုံး ရှုံးပွဲကြုံတွေ့အပြီးမှာ ဒေါသထွက်နေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေဘက်က ကာကွယ်ပြောဆိုတဲ့ လမ်းပတ်

ချယ်လ်ဆီးဟာ ဗုဒ္ဓဟူးနေ့က ဘရန့်ဖို့ဒ်ကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ၅ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရအပြီး ဖရန့် လမ်းပတ်က ဒေါသထွက်နေတဲ့ အသင်းပရိသတ်တွေဟာ သူ့ရဲ့အသင်းကို လှောင်ပြောင်ပိုင်ခွင့်ရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ဆီဇာ အက်စ်ပီလီကျူတာရဲ့ own-goal နဲ့ ဘရိုင်ယန် အမ်ဘူမိုရဲ့ နောက်ကျဂိုးသွင်းက ထုတ်ပယ်ခံရတဲ့ ဂရေဟမ်ပေါ်တာကို အစားထိုးပြီးနောက်ပိုင်း လမ်းပတ်ရဲ့ စိတ်ပျက်စေတဲ့  နောက်ဆုံး ရှုံးပွဲဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၆ ပွဲအထိ ဂိုးမသွင်းနိုင်ခဲ့ဘဲ ပရီးမီးယားလိဂ်မှာ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

သူတို့ဟာ လက်စတာမှာ မတ်လ ၁၁ ရက်နေ့နောက်ပိုင်း ဘယ်ပြိုင်ပွဲမှာမှ နိုင်ပွဲမရှိခဲ့ဘဲ အခုဆို ၈ ပွဲဆက် နိုင်ပွဲမရှိပဲ တည်ရှိနေပါတယ်။

ဒီနိုင်ပွဲမရှိတဲ့ ၈ ပွဲအနက် ၆ ပွဲက စတန်းဖို့ဒ်ဘရစ်ချ်မှာ ဖြစ်ခဲ့ပြီး ချယ်လ်ဆီးပရိသတ်တွေဟာ အစဉ်အလာအရ သူတို့ရဲ့ လောင်းရိပ်မှာရှိခဲ့ကြတဲ့ အနောက်လန်ဒန်အိမ်နီးချင်း ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်အပြီး လက်ရှိ ဇယားမှာ ဘရန့်ဖို့ဒ်က သူတို့ရဲ့ အထက်မှာ ရပ်တည်ပြီးတဲ့နောက် ပရိသတ်တွေက ဒေါသတကြီးဖြစ်လာပါတယ်။

"ပရိသတ်တွေက လုံးဝစိုးရိမ်နေကြမှာပါ။ ခင်ဗျားဟာ ချယ်လ်ဆီးပရိသတ်တစ်ယောက်ဆိုရင် အောင်မြင်မှုရခဲ့တာ အနှစ် ၂၀ လောက်ရှိပြီ။ အဲဒါကို ကျင့်သားရနေလို့ ခင်ဗျား ပိုရလိုချင်ပါတယ်"လို့ လမ်းပတ်က ပြောပါတယ်။

"ပရိသတ်တွေ အော်ဟစ်လှောင်ပြောင်သံတွေနဲ့ ကျနော့်မှာ ပြဿနာမရှိပါဘူး။ ပရိသတ်တွေကို ဆန့်ကျင်ပြီး ကစားသမားတွေကို ဝိုင်းဝန်းမလှောင်ပြောင်ကြပါနဲ့လို့ ပြောဖို့ ကျနော် ဒီမှာ ထိုင်နေတာ မဟုတ်ပါဘူး။"

ပဲရစ်စိန့်ဂျာမိန်းနဲ့ တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနိုဟာ ပြဿနာတွေနဲ့ ၁၁ လကြာ လုံးပန်းပြီးနေတဲ့ ပိုင်ရှင် တော့ဘိုလေရဲ့ နောက်ဆုံးမန်နေဂျာအဖြစ် ခန့်အပ်ခံရဖို့ နီးစပ်နေပြီလို့ သတင်းတွေနဲ့အတူ ယာယီနည်းပြ လမ်းပတ်ဟာ ရာသီကုန်အထိသာ တာဝန်ယူမှာဖြစ်ပါတယ်။

လမ်းပတ်ဟာ သူ့ရဲ့ ဒုတိယအကြိမ် တာဝန်ယူမှုအဖြစ် ပြန်လည်ရောက်ရှိလာချိန်မှာ ဘိုလေဟာ ပေါ်တာနဲ့ တူချယ်တို့ကို ဖယ်ရှားခဲ့ပြီးဖြစ်ပြီး အသင်းကို ကမောက်ကမအဖြစ် ထားရစ်နေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required