စပွန်ဆာမပါတဲ့ အိမ်ကွင်းအင်္ကျီဝတ်စုံအသစ်ကို ချယ်လ်ဆီးအသင်း ထုတ်ပြ

စပွန်ဆာမပါတဲ့ အိမ်ကွင်းအင်္ကျီဝတ်စုံအသစ်ကို ချယ်လ်ဆီးအသင်း ထုတ်ပြ
Photo: Chelsea

ချယ်လ်ဆီးအသင်းဟာ အင်္ကျီရှေ့စပွန်ဆာမပါဘဲ ၂၀၂၃-၂၄ ရာသီအတွက် သူတို့ရဲ့ အိမ်ကွင်းဝတ်စုံကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ဆက်သွယ်ရေးကုမ္ပဏီ Three နဲ့ ရှပ်အင်္ကျီစာချုပ်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ သက်တမ်းကုန်ဆုံးချိန်မှာ သက်တမ်းတိုးခြင်းမရှိခဲ့ပါဘူး။

ပရီးမီးယားလိဂ်ဟာ သူတို့ရဲ့ ရုပ်သံထုတ်လွှင့်ခွင့်မူပိုင်ကိုင်ဆောင်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာကို စိုးရိမ်တာကြောင့် streaming ဝန်ဆောင်မှုပေးတဲ့ Paramount+ နဲ့ သဘောတူညီချက်ကို ပိတ်ပင်ခဲ့တာပါ။

ချယ်လ်ဆီးဟာ အွန်လိုင်းလောင်းကစားကုမ္ပဏီတစ်ခုနဲ့ အင်္ကျီစပွန်ဆာပေးတဲ့ သဘောတူညီချက်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်ဟာ အဲ့ဒီမတိုင်ခင်က စာချုပ်တစ်ရပ်ကို သဘောတူညီထားပြီးဖြစ်ကြောင်း နားလည်သိရှိထားပေမယ့်လည်း ကလပ်အသင်းပရိသတ်တွေရဲ့ ယုံကြည်မှုမှာ ဒီလိုမျိုး မိတ်ဖက်ကို ဆန့်ကျင်ကြောင်း ပြောဆိုထားပါတယ်။

၂၀၂၅-၂၆ ရာသီကုန်မှာ လောင်းကစားစပွန်ဆာတွေကို အင်္ကျီရှေ့ဘက် စပွန်ဆာပေးတာကနေ ရုပ်သိမ်းစေမယ်လို့ ပရီးမီးယားလိဂ်က ဧပြီလမှာ ကြေညာခဲ့ပါတယ်။

ဒီအင်္ကျီဝတ်စုံသစ်ကို လီဗာပူးလ်တို့နဲ့ ကစားမယ့် သူတို့ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အပြီး သုံးရက်အကြာ ဩဂုတ်လ ၁၆ ရက်နေ့မှာ ဝက်ဘ်ဆိုဒ်နဲ့ သူတို့ရဲ့ အရောင်းဆိုင်မှာ ရောင်းချသွားမှာဖြစ်တယ်လို့ ချယ်လ်ဆီးအသင်းက ပြောပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့ မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ အင်္ကျီရှေ့စပွန်ဆာတစ်ခုရှိဖို့ ရည်ရွယ်ထားပေမယ့်လည်း အခုအခါ သူတို့ဟာ စပွန်ဆာမပါဘဲ အမေရိကန်ပြည်ထောင်စုဆီ ရာသီကြိုခရီးစဉ် သွားဖွယ်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required