ပီအက်စ်ဂျီနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘာပေအတွက် အယ်လ်ဟီလာအသင်း 'ပေါင် ၂၅၉ သန်း' ကမ်းလှမ်းမှုပြုလုပ်

ပီအက်စ်ဂျီနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘာပေအတွက် အယ်လ်ဟီလာအသင်း 'ပေါင် ၂၅၉ သန်း' ကမ်းလှမ်းမှုပြုလုပ်

ဆော်ဒီအာရေးဗီးယားကလပ် အယ်လ်ဟီလာဟာ ပဲရစ်စိန့်ဂျာမိန်းကစားသမား ကိုင်လီယန် အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း Press Association က ဖော်ပြပါတယ်။

စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးတဲ့ အသက် ၂၄ နှစ်အရွယ် ပြင်သစ်အသင်းခေါင်းဆောင်ဟာ ပြင်သစ်ချန်ပီယံအသင်းမှာ သက်တမ်းတိုးဖို့ ငြင်းဆိုထားပြီး ဂျပန်ကို ရာသီကြိုခရီးစဉ်မှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

ပီအက်စ်ဂျီဟာ အမ်ဘာပေကို လာမယ့်နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးမယ့်အစား အခုရောင်းချလိုနေပါတယ်။

၂၀၁၇ မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တဲ့ နေမာရဲ့  ပေါင်သန်း ၂၀၀ ဟာ လက်ရှိစံချိန်မှတ်တမ်းဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားဖြစ်လာစေဖို့ ၂၀၁၇ မှာ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို အသက်ဝင်စေခဲ့ပါတယ်။

တကယ်လို့ အမ်ဘာပေ ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် သူဟာ ၂၀၁၇ မိုနာကိုကနေ ပီအက်စ်ဂျီကို  ပေါင် ၁၆၆ သန်ဖြင့် ပြောင်းရွှေ့လာပြီးနောက် ကစားသမားတစ်ဦးအတွက် ပေးချေရတဲ့ အမြင့်ဆုံး အခကြေးငွေ ၃ ခုအနက် ၂ ခုကို ဦးဆောင်သူဖြစ်လာမှာပါ။

အမ်ဘာပေက သူဟာ သူ့ရဲ့စာချုပ် သက်တမ်းကုန်သွားတဲ့အခါ မထွက်ခွာခင် ပီအက်စ်ဂျီမှာ နောက်ထပ်တစ်နှစ် ဆက်နေလိုကြောင်း ပြောပါတယ်။ သူဟာ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြပါတယ်။ ဥက္ကဌ နာဆာအယ်လ်ခါလိုင်ဖီက ခိုင်ခိုင်မာမာရပ်တည်ဖို့ သူ့ရဲ့သန္နိဋ္ဌာန်ကို ရှင်းလင်းပြောကြားခဲ့ပြီး အမ်ဘာပေဟာ ၂၀၂၄ မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုဖို့ "မဖြစ်နိုင်ဘူး"လို့ ပြောဆိုသွားပါတယ်။

အမ်ဘာပေအကြာင်းနဲ့ပတ်သက်လို့ ကလပ်အသင်းအတော်များများက မေးမြန်းခဲ့ကြပြီး ပီအက်စ်ဂျီဟာ အခုနွေရာသီမှာ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly