၁၀ နှစ် စာချုပ်လား၊ ရီးယဲလ်မက်ဒရစ်ကို ငြင်းပယ်ဖို့ အမ်ဘာပေကို စည်းရုံးသိမ်းသွင်းရာမှာ အကြီးအကျယ် အားထုတ်တဲ့အနေနဲ့ မယုံနိုင်လောက်စရာ ယူရို ၁ ဘီလီယံနဲ့ ပီအက်စ်ဂျီ ကမ်းလှမ်းခဲ့

၁၀ နှစ် စာချုပ်လား၊ ရီးယဲလ်မက်ဒရစ်ကို ငြင်းပယ်ဖို့ အမ်ဘာပေကို စည်းရုံးသိမ်းသွင်းရာမှာ အကြီးအကျယ် အားထုတ်တဲ့အနေနဲ့ မယုံနိုင်လောက်စရာ ယူရို ၁ ဘီလီယံနဲ့ ပီအက်စ်ဂျီ ကမ်းလှမ်းခဲ့

ပီအက်စ်ဂျီအသင်းဟာ ကိုင်လီယန် အမ်ဘာပေကို မယုံနိုင်လောက်စရာ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ၁၀ နှစ်စာချုပ်အတွက် ယူရို ၁ ဘီလီယံ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုဖြစ်တယ်လို့ Defensa Central က ဖော်ပြလာပါတယ်။ 

ဒီစာချုပ်အရ အမ်ဘာပေဟာ အသက် ၃၄ နှစ်အထိ ကလပ်အသင်းမှာရှိမှာဖြစ်ပြီး တစ်သက်တာ စာချုပ်လည်းဖြစ်ပါတယ်။ ဒါက သမိုင်းတစ်လျှောက် ကြေးအများဆုံး အားကစားစာချုပ်လည်း ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း အမ်ဘာပေက သူ့အနေနဲ့ ဆုဖလားတိုင်း ရယူနိုင်ချေရှိတဲ့ အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အတွက် ကစားပေးဖို့ အိပ်မက်တွေကြောင့် သူ့ကို ငွေကြေးက လှုံ့ဆော်မပေးဘူးလို့ ပီအက်စ်ဂျီကို ပြောခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

တိုက်စစ်သမားဟာ စာချုပ်သစ်ချုပ်ဆိုဖို့ မရည်ရွယ်ကြောင်းနဲ့ လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ စီစဉ်နေကြောင်း ကလပ်အသင်းကို ပြောကြားထားပြီးဖြစ်ပါတယ်။ ပီအက်စ်ဂျီက အမ်ဘာပေဟာ စာချုပ်သစ် ချုပ်ဆိုမလား ဒါမှမဟုတ် အခုနွေရာသီမှာ ရောင်းချရမလားလို့ သူ့ကို ပြောခဲ့ပါတယ်။

ဒီတိုက်စစ်သမားဟာ ပွဲပေါင်း ၂၆၀ မှာ ၂၁၂ ဂိုး သွင်းယူကာ ၉၈ ဂိုးဖန်တီးမှုလည်း ပြုလုပ်ထားတာနဲ့အတူ ပြင်သစ်ရဲ့ ဂန္တဝင်ကစားသမားတစ်ဦးလို ဖြစ်လာပါတယ်။ သူဟာ ၂၀၁၈ မှာ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီး ၂၀၂၂ မှာ ဖိုင်နယ်အထိ ရောက်အောင် ကူညီပေးခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မရဖူးသေးပါဘူး။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly